Friday, May 9, 2014


အမေရိကန်နှင့် ဥရောပသမဂ္ဂ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုရေး သဘောတူညီမှု ရရှိ
၂၀၁၃ ခုနှစ် နှောင်းပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် အမေရိကန် ပြည်ထောင်စု အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ၏ မဟာမိတ်နိုင်ငံများ အပေါ်တရားမဝင် ထောက်လှမ်းရေး အစီအစဉ်နှင့် ပတ်သက်၍ သဘောထား တင်းမာနေဆဲ ဖြစ်သော်လည်း ဥရောပသမဂ္ဂနှင့် အမေရိကန် နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ပတ်သက်၍ူ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုရန် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား သဘောတူညီမှု ရရှိခဲ့သည်။


Transatlantic Trade and Investment Partnership အရ ချုပ်ဆိုသွားမည့် အဆိုပါ ကုန်သွယ်ရေး သဘောတူစာချုပ်သည် နှစ်ဖက် အဖွဲ့အစည်းများ အကြား အရေးပါသည့် စာချုပ်တစ်ခု ဖြစ်လာမည် ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စီးပွားရေးသည်လည်း တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံကျော်ခန့် တိုးပွားလာနိုင်မည် ဖြစ်သည်။

No comments:

Post a Comment

back to top