Friday, May 9, 2014


အစ္စရေးနိုင်ငံ လွတ်လပ်ရေးနေ့ မတိုင်မီ Patriot လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တပ်ခွဲ တပ်ဖြန့်ချထား
မေလ (၇) ရက်နေ့တွင် ကျရောက်မည့် အစ္စရေး နိုင်ငံ၏ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အထိမ်းအမှတ် နေ့များအားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုံခြုံရေးများ တိုးမြှင့် ချထားခဲ့သည်။
အဆိုပါ အစီအစဉ်အရ Patriot လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တပ်ခွဲ တစ်ခွဲအား နိုင်ငံတောင် ပိုင်းရှိ Eilat မြို့တွင် ထပ်မံတိုးမြှင့် တပ်ဖြန့် ချထားခဲ့ပြီး Iron Dome ဒုံးကျည် တပ်ခွဲတစ်ခွဲနှင့်အတူ တွဲဖက်ထားရှိခဲ့သည်။
အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် Patriot ဒုံးကျည် ကာကွယ်ရေးစနစ်နှင့် အစ္စရေး နိုင်ငံလုပ် Iron Dome စနစ်ထားရှိခြင်းသည် Eilat မြို့အား မောင်းသူမဲ့ လေယာဉ်များ ၊ တိုက်လေယာဉ်များနှင့် တာဝေးပစ်ပဲ့ထိန်း ဒုံးကျည် ခြိမ်းခြောက်မှုများ အပါအဝင် တာတိုပစ် Kassam ဒုံးကျည်များအား ကာကွယ်ရန် အဟန့်အတား ဖြစ်စေနိုင်မည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အစ္စရေး ကြည်းတပ်မတော် အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

 

No comments:

Post a Comment

back to top