Friday, May 9, 2014


အန္တာတိက အရှေ့ပိုင်းရှိ ရေခဲများ အရည်ပျော်မှု ကြာမြင့်လာခြင်း သည် နိုင်ငံ အတော်များများအား အန္တရာယ်ဖြစ်စေနိုင်
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာအရ အန္တာတိက အရှေ့ပိုင်းရှိ ရေခဲများ အရည်ပျော်မှုသည် ပင်လယ် ရေမျက်နှာပြင်အား(၁၃) ပေအထိ မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။ နောက်ဆုံး ထွက်ရှိ ထားသည် အစီရင်ခံစာသည် အန္တာတိက အရှေ့ပိုင်းရှိ ရေခဲများအရည်ပျော်မှုကြာမြင့် လာခြင်း သည် နိုင်ငံအတော်များများအား အန္တရာယ် ဖြစ်လာစေနိုင်ကြောင်း ကောက်ချက်ချ ထားသည်ကို သိရှိရ ပါသည်။
အဏ္ဏ၀ါဗေဒ ပညာရှင်များက လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ထိုကဲ့သို့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုကဲ့သို့သော အန္တရာယ်များကို လူအများ သတိပြု အာရုံစိုက်လာစေရန် ရေအောက်တွင်ပင် စည်းဝေးပွဲများ ပြုလုပ်ပြသည်အထိ ဆောင်ရွက်ခဲံကြသော်လည်း လူအများက ထိုကိစ္စကို စိတ်ကူးယာဉ် ပြောဆိုနေမှုဟုသာ ထင်နေကြပြီး ထိုကဲ့သို့ ဖြစ် လာလိမ်မည်မဟုတ်ဟုလည်း ထင်နေကြကြောင်း ပြောကြားခဲ့ပါသည်။ ကပ်ကမ္ဘာဆုံးသည့်အခါမှ ထိုကဲ့သို့ အန္တာတိကတိုက်ရှိ ရေခဲများ အရည်ပျော်ကာ အန္တရာယ်ဖြစ်လိမ့်မည်ဟုသာ လူအများက ယုံကြည်ရောင့် ရဲနေကြသည်ဟု ဖော်ပြထားပါသည်။

သိပ္ပံပညာရှင်များကမူ အကယ်၍ ထိုကဲ့သို့ ရာသီဥတုများ ပြောင်းလဲခြင်းကြောင့် ပင်လယ်ရေ မျက်နှာပြင်များ ရုတ်တရက် မြင့်တက်လာပါက တစ်ကမ္ဘာလုံးရှိ နိုင်ငံများသည် ကာကွယ်မှုများ မပြု လုပ်နိုင်မီတွင် အန္တရာယ်ကျရောက်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ အဓိက ခံစားရမည်မှာ အန္တာတိက တိုက် အနောက်ဘက်ပိုင်းတွင် ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ အန္တာတိက အရှေ့ဘက်ပိုင်း တွင် ရေခဲများ အရည်ပျော်မှုကြောင့် မြင့်တက်လာနိုင်သည့် ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ (၅၃) မီတာ (၁၇၄ ပေ) ခန့် ရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

back to top