ထိုင်းဝန်ကြီးချုပ်ယင်လပ်အား အာဏာအလွဲသုံးစားမှုဖြင့် ရာထူးမှ ထုတ်ပယ်
ထိုင်းအခြေခံဥပဒေ ဆိုင်ရာ
တရားရုံးသည် ဗုဒ္ဓဟူးနေ့ တွင် ၀န်ကြီးချုပ် ယင်လပ်ရှင်နာ ၀ပ်ထရာအား အာဏာအလွဲသုံး
စားမှုဖြင့် ရာထူးမှ ရပ်ဆိုင်းလိုက် သည်။‘‘ယင်လပ်ဟာ ၀န်ကြီးချုပ်
ရာထူးကို သုံးပြီး သူ့ရဲ့ကိုယ်ပိုင်အ ကျိုးစီးပွားအတွက် ဆန်စပါး
ရောင်းဝယ်ရေးခွဲတမ်းကိစ္စမှာ ၀င်ရောက်စွက်ဖက်ပြီး အာဏာအ လွဲသုံးစား လုပ်ခဲ့တဲ့အတွက်
ကြောင့် ရာထူးကနေ ရပ်ဆိုင်းဖို့ တရားသူကြီးအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်ရာထူးမှာ ဆက်မနေ နိုင်တော့ပါဘူး။
ဝန်ကြီးချုပ်ရာ ထူး ရပ်ဆိုင်းသွားပါ ပြီ’’ ဟု အဖွဲ့ ၀င်ကိုးဦးပါဝင်သော အခြေခံဥ
ပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ ချ ရွန်အင်တာချန်က ပြောသည်။
တရားရုံးဆုံးဖြတ်ချက်တွင်
လုံခြုံရေးဌာနအကြီးအကဲအား နေရာရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ သော
အစိုးရ၀န်ကြီးများစွာမှာ လည်း ရာထူးများမှ အသီးသီး ရပ် ဆိုင်းခံခဲ့ရသည်။ ယင်လပ်အား
တရားရုံးက ဆန်စပါးရောင်းဝယ် ရေးထောက်ပံ့ကြေးကိစ္စတွင် ပြ
ဿနာများကြီးထွားနိုင်မည်ကို သိလျက်နှင့် မသိကျိုးကျွန်ပြုခဲ့မှု၊ ထိုစဉ်က
အမျိုးသားလုံခြုံရေးအ ကြီးအကဲ သာဝီပလီယန်ဆရီအား ရာထူးမှ ထုတ်ပယ်ရွှေ့ပြောင်းမှု တွင်
အခြေခံဥပဒေနှင့် မညီညွတ် ဘဲ ဆောင်ရွက်မှုစသည့် အချက် နှစ်ချက်ကြောင့် ဖယ်ရှားလိုက်
ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိတွင်
ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အခြေခံဥပဒေဆိုင်ရာ တရားရုံး က
ယင်လပ်အား ရာထူးမှ ပယ် ချသည့် ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေး ပြဿနာများထပ်မံဖြစ်
ပွားခြင်းနှင့် မကြာမီက ကျင်းပရန် ကြေညာထားသည့် ရွေးကောက် ပွဲ အနာဂတ်တို့မှာလည်း
မရေမရာဖြစ်နေသည်။ ထိုင်းမြို့တော် ဘန်ကောက်သည် ပြီးခဲ့သည့် ခြောက်လတာအတွင်း
ဆန္ဒပြပွဲ များကြောင့် တင်းမာမှုများဖြင့် အရိပ်ထိုးနေခဲ့ပြီး ယင်လပ်မှာ
နိုင်ငံမြောက်ပိုင်းတွင် ထောက်ခံ သူ အများစုရထားသည့် နိုင်ငံရေး မိသားစုမှဖြစ်ကာ
အတိုက်အခံ များမှာမူ မြို့တော်နှင့် တောင်ပိုင်း မှ တော်ဝင်ဘုရင်ကို ထောက်ခံ သည့်
တော်ဝင်ဝါဒီများကြား ထောက်ခံအားပေးမှု အပြည့်အ၀ ရရှိထားသူများဖြစ်သည်။

No comments:
Post a Comment