Thursday, May 8, 2014


ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် လူသုံးဦး ထပ်မံ သေဆုံး
ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့်လူသုံးဦး ထပ်မံ သေဆုံးခဲ့ပြီးနောက် ယင်းနိုင်ငံ အတွင်း အဆိုပါ ရောဂါကူးစက်ခံရသူ ဦးရေမှာ ယခုအခါ ၄၁၄ ဦး အထိ မြင့်တက် ခဲ့ကြောင်း ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက မေ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ သုံးဦးမှာ ဂျက်ဒါမြို့မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဖြစ်ပြီး ၎င်းရောဂါ ကူးစက်ခံရသူ အခြား သုံးဦးမှာ ရီယက်မြို့မှ အသက် ၅ဝ နှစ် အရွယ် အမျိုးသမီး နှစ်ဦးနှင့် မဒီနာမြို့မှ အသက် ၆ဝ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းရောဂါ ကူးစက်ခံခဲ့ရသော အခြား အမျိုးသမီး တစ်ဦးမှာ ရီယက်မြို့ ရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ကြောင်း သိရသည်။
ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားဆီး ကာကွယ်နိုင်ရန် အတွက် ဆေးဝါး ကုသရေး စင်တာ သုံးခုကို အစိုးရက ဖွင့်လှစ် ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top