Thursday, May 8, 2014


ပဉ္စမအကြိမ်မြောက် တောင်အာဖရိက အထွေထွေ ရွေးကောက်ပွဲ ကျင်းပ
 လွန်ခဲ့သော နှစ် နှစ်ဆယ်က လူမျိုးရေးခွဲခြား အုပ် ချုပ်မှု အဆုံးသတ် ခဲ့ပြီးနောက် ပဉ္စမမြောက် အထွေထွေရွေး ကောက်ပွဲကို တောင်အာဖရိက နိုင်ငံတွင် စတင်ကျင်းပနေပြီဖြစ် သည်။လက်ရှိအာဏာရ အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါ တီအနိုင်ရလိမ့်မည်ဟု မျှော်လင့် ထားပြီး သမ္မတဂျက်ကော့ဗ်ဇူး မားသည် ဒုတိယမြောက် ငါးနှစ် သက်တမ်း တာဝန်ထမ်းဆောင် ခွင့်ရဖွယ်ရှိသည်။

သို့သော် တောင်အာဖရိက နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း မြင့် မားနေခြင်းနှင့် အကျင့်ပျက်ခြစား သည် ဆိုသော သတင်းဆိုးများ ကြောင့် စိုးရိမ်မှုများရှိနေစဉ် ANC ပါတီ ထောက်ခံမှုအချို့ ဆုံး ရှုံးမည်ဟု လည်း မျှော်လင့်ထား သည်။
ယင်းရွေးကောက်ပွဲ အကြို နေ့က ဘက်ကာစဒယ်လ်မြို့တွင် အဓိကရုဏ်းများ ဖြစ်ပွားပြီး မဲရုံ အချို့ မီးရှို့ဖျက်ဆီးခံရကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြသည်။
ယင်းမြို့မှာ ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေးထိန်းသိမ်းရန် စစ်သားများ ချထားရာနေရာများ စွာအနက် တစ်နေရာဖြစ်သည်။ ရွေးကောက်ပွဲအတွင်း မဲရုံများကို မေလ ၇ ရက် နံနက် ၇ နာရီတွင် စတင်ဖွင့်လှစ်ကာ ၁၄ နာရီကြာ အထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။
မဲရုံပေါင်း ၂၂,၀၀၀ ခန့်ကို စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံများ တွင် ဖွင့်လှစ် မည်ဖြစ်ကာ အလှမ်း ဝေးသော ဒေသများ၌ ရွှေ့ပြောင်း မဲရုံများအဖြစ် ကားများကို အသုံး ပြုသွား မည်ဖြစ်သည်။
မဲရုံတိုင်းတွင် အနည်းဆုံး ရဲ တပ်ဖွဲ့ဝင် တစ်ဦးချထားမည်ဖြစ် ကာ ရုတ်ရုတ်သဲသဲ ဖြစ်နိုင်သော နေရာများ၌ လုံခြုံရေး ထိန်းသိမ်း ရန် စစ်သားများ ချထားသည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

 

No comments:

Post a Comment

back to top