သံရုံးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းထားတဲ့ ယီမင်နိုင်ငံက အမေရိကန်သံရုံး
အနောက်နိုင်ငံတွေနဲ့ သက်ဆိုင်တဲ့
နေရာတွေမှာ မကြာခဏက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ တာကြောင့် အမေရိကန်နိုင်ငံဟာ
ယီမင်နိုင်ငံမြို့တော် ဆန်နာမှာရှိတဲ့ အမေရိကန်သံရုံးရဲ့
ဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အနောက်နိုင်ငံနဲ့ ပတ်သက်တဲ့
နေရာတွေမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် အမေရိကန်နိုင်ငံဟာ
ကြိုတင်ကာကွယ်မှု လုပ်ဆောင်တဲ့အနေနဲ့ ယီမင်နိုင်ငံ ဆန်နာ မှာရှိတဲ့
အမေရိကန် သံရုံးရဲ့ လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဌာန ပြောခွင့်ရပုဂ်္ဂိုလ် " ဂျန်ဆာကီ " က ဗုဒ္ဓဟူးနေ့မှာ
ကြေညာခဲ့ပါတယ်။ သူမက သံရုံးကို အခုလို ပိတ်လိုက်တာဟာ လုံခြုံရေးကို
သတိရှိ တာကြောင့်ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာကို
တိုးမြှင့်လုပ်ဆောင်နေတဲ့အပြင် သင့်တင့်တဲ့နေ့မှာ ယီမင်က အမေရိကန်သံရုံးကို
ပြန်လည်ဖွင့်လှစ် မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အယ်ကိုင်ဒါးအကြမ်းဖက်သမားတွေဟာ ယီမင်က အမေရိကန်သံရုံးကို
ပြီးခဲ့တဲ့ မတ်လက ခြိမ်းခြောက်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း
သံရုံးကိုပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ခြိမ်းခြောက် မှု
ထွက်ပေါ်လာတယ်လို့ အမေ ရိကန်အရာရှိတွေက ပြောကြားထားပါတယ်။ အမေရိကန်နိုင်ငံ ဟာ
အကြမ်းဖက်မှု ပြုလုပ်နိုင်တဲ့ အချိန်နဲ့နေရာ အသေးစိတ်ကို သိရှိနိုင်အောင်
နည်းပညာမြင့် ပစ္စည်းတွေ၊ ဂြိုဟ်တုပုံရိပ်ဖော်စက်တွေ သုံးပြီး ရှာဖွေနေတယ်လို့
သိရပါတယ်။ ဒီအတောအတွင်းမှာ ဗြိတိန်နိုင်ငံ ကလည်း ယီမင်နိုင်ငံကို သွားမယ့်
ဗြိတန်နိုင်ငံသားတွေ ယီမင်နိုင်ငံကို မသွားကြဖို့နဲ့ ယီမင်နိုင်ငံတွင်း ကို
ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသားတွေကိုလည်း ယီမင်နိုင်ငံကနေ ထွက်ခွာဖို့ သတိပေးထားတယ်လို့
သိရပါသည်။
No comments:
Post a Comment