Friday, May 9, 2014


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖွဲ့ဝင် 

များတရုတ်ကွန်မြူနစ်ပါတီမှကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖွဲ့ ဝင်များကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံ တကာရေး ရာ ဌာနဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. Yaun Zhibing ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များက မေလ(၈) ရက်နေ့ ညနေ ၃ နာရီတွင်ရန် ကုန် မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးခွဲခန်းမသို့ လာရောက်တွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မတီဝင်များဖြစ်ကြ သော ဦးသာဝင်း၊ ဦးစောထားလုံ၊ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး/ ပြည်နယ်ပါတီအဆင့်ဆင့်မှ ကော် မတီဝင် ၁၇ ဦးတို့ တက် ရောက်ခဲ့ ကြပြီး ဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယာယီ အတွင်းရေးမှူးဦးသာဝင်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။


ဆွေးနွေးပွဲတွင် နှစ်နိုင်ငံပါတီ အချင်းအချင်း ပူးပေါင်းဆောင် ရွက်မှု ပိုမိုခိုင် မာတိုးတက်ရေး၊ နှစ်ပါတီဆက်ဆံရေးအပေါ်ထားရှိ သည့် သဘောထား အမြင်များ၊ လုပ်ငန်းဆောင်တာများ စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲအပြီးတွင် ဗဟိုကော်မတီ ဝင်များဖြစ်ကြသော ရန်ကုန် တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ယာယီအတွင်း ရေးမှူးဦးသာဝင်း၊ ကရင်ပြည်နယ် အတွင်းရေးမှူးဦးစောထားလုံနှင့် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာ ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yaun Zhibing တို့ လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ် ခဲ့ကြ သည်။

No comments:

Post a Comment

back to top