Friday, May 9, 2014

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ အာမခံ ချေးငွေ ယူကရိန်း လက်ခံရရှိ 

ယူကရိန်း နိုင်ငံသည် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ အာမခံချေးငွေအမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အနက်မှ ပထမအသုတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉ ဘီလီယံ ရရှိခဲ့ကြောင်း ယူကရိန်း ဗဟိုဘဏ်က မေ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။

ယူကရိန်း အမျိုးသားဘဏ် (NBU) အကြီးအကဲ Stepan Kuvib ၏ ပြောကြားချက် အရ နိုင်ငံခြား အရန်ငွေ နည်းပါးနေမှုအား တိုးမြှင့်ရန် NBU ၏ စာရင်းအတွင်းသို့ ရရှိသည့် ချေးငွေမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထားရှိသွားမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ချေးငွေအား နိုင်ငံအတွင်း ဘဏ္ဍာရေး အခြေ အနေနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ တည်ငြိမ်စေရန် နိုင်ငံပိုင် ဘဏ္ဍာငွေအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း Kuvib က ပြောကြားခဲ့သည်။
IMF အနေဖြင့် ယူကရိန်းနိုင်ငံ အတွင်း မကြာသေးမီက နိုင်ငံရေးနှင့် စီးပွားရေး ဆူပူအုံကြွမှုကြောင့် စီးပွားရေး ကျဆင်းနေမှုအား ထိန်းသိမ်းရန် အတွက် နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ချေး ငှားရန် ဧပြီ ၃ဝ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ အနေဖြင့် စီးပွားရေး အခြေအနေ တိုးတက်ရေး၊ ဘဏ္ဍာရေး မူဝါဒ ပိုမို ခိုင်မာလာစေရေး၊  စွမ်းအင်နှင့် ဘဏ္ဍာရေး ကဏ္ဍရပ်များတွင် အပြည့်အဝ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေး အကောင် အထည် ဖော်ဆောင်ရွက်ရန် သဘောတူညီ၍ အဆိုပါ အာမခံချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top