အရင်ကထက်ပိုပြီး ဖက်ရှင်ကျ လှပလာတဲ့
မော်ဒယ်အေးချမ်းမိုးနဲ့ တွေ့ဆုံခိုက် သူမရဲ့ဖက်ရှင်နဲ့
အလှအပပိုင်းဆိုင်ရာကို မေးကြည့်ဖြစ်တဲ့အခါ သူမက ‘အသားအရေကတော့ ညီမ ပြီးမှ
ပြန်ပြုပြင်တာထက် မဖြစ်ခင်ကတည်းက ကြိုတင်
ကာကွယ်လေ့ရှိတယ်။ နေပူထဲသွားရင် လက်ရှည်ဝတ်တယ်။
ထီးအမြဲဆောင်းတယ်။
ကိုယ့်အသားအရေကို မထိခိုက်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းတယ်။
ဖက်ရှင်ကတော့ညီမ smart cascual ပဲဝတ်ဖြစ်ပါတယ်။ ကာလာဆိုရင် ညီမက
တောက်တောက်လေးတွေ ပိုကြိုက်တယ်။ အနီတို့ ၊ အဖြူတို့ပေါ့။ အသားအရောင်
ဆောင်တာလေးတွေလဲ ကြိုက်ပါတယ်' တဲ့။မိုးရာသီနဲ့ ပတ်သတ်တဲ့
စိတ်ခံစားမှုကိုတော့ ‘မိုးရာသီရောက်ရင် ပျော်တယ်။ ညီမက ဂျူလိုင်လမှာ
မွေးတာဆိုတော့လေ။ တချို့ကျတော့ မိုးရာသီကို
စိုစိုစွတ်စွတ်မို့လို့မကြိုက်ဘူး။ ဒါပေမဲ့ ညီမတို့စားနေတဲ့
စားသောက်ကုန်တွေက ဆန်စပါးတွေက မိုးရာသီမှာထွက်တယ်။
ပြီးတော့ အားလုံးကိုလဲ
အေးချမ်းစေတယ်။ နွေရာသီဆို အရမ်းပူလို့ မခံနိုင်ဘူး။ ဆောင်းရာသီကျတော့လဲ
အရမ်းအေးလို့မခံနိုင်ဘူး။ ခုမိုးရာသီကျတော့ မပူမအေးလေးနဲ့အရမ်းနေလို့ကောင်း
ပါတယ်’လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:
Post a Comment