Wednesday, May 7, 2014

MAPCO ပိုင် ဆိပ်ကမ်းမှ အလုပ်အကိုင် ၂ဝဝဝ ကျော် ဖန်တီး ပေးနိုင်မည်


သီလဝါ အထူး စီးပွားရေးဇုန်တွင် တည်ဆောက်လျက်ရှိသည့် မြန်မာ့ လယ်ယာစိုက်ပျိုးရေး အများပိုင် ကုမ္ပဏီ MAPCO အနေဖြင့် ၄င်းပိုင်ဆိပ်ကမ်း တည်ဆောက် ပြီးစီးပါက ဒေသတွင်း အလုပ်အကိုင် အခွင့်အ လမ်း ၂ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။
ရန်ကုန်မြစ်ဝတွင် တည်ရှိသည့် MAPCO ပိုင်ဆိပ်ကမ်းမှ တစ်ဆင့် နိုင်ငံတကာသို့ စိုက်ပျိုးရေး ထွက်ကုန် များကို တင်ပို့ ရောင်းချသွားနိုင်မည် ဖြစ်ပြီး ကိုယ်ပိုင် ဆိပ်ကမ်း တည်ဆောက် အသုံးပြုနိုင်ခြင်းကြောင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ပိုမို အဆင်ပြေ ချောမွေ့လာမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိပ်ကမ်းကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
 ''ဆန်စပါးကို အခြေခံတဲ့ Integrated Food and Energy Production စက်ရုံ တွေကိုလည်း ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ နေပြည်တော်တို့မှာ တည်ဆောက်လျက် ရှိပါတယ်။ အဲဒီ စက်ရုံတွေ အသီးသီး ပြီးစီးတဲ့အခါမှာ ဒေသခံ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်၊ အလုပ်သမားတွေ အလုပ်အကိုင် ရလာတာနဲ့ အမျှ စားဝတ်နေရေးလည်း ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ စိုးထွန်းက ရှင်းလင်း ပြောကြားသည်။
MAPCO သည် ဂျပန်နိုင်ငံမှ MITSUI, KAMIGUMI အစရှိသော ကုမ္ပဏီများ ထံမှ နည်းပညာ အကူအညီများ ရယူလျက်ရှိပြီး ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် အများပြည်သူ ထံသို့ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top