Wednesday, May 7, 2014

တူရကီတိုး စက်ဘီးစီး ပြိုင်ပွဲမှာ အဒမ်ယိတ် ဗိုလ်စွဲတဲ့ သတင်း






တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ တူရကီတိုး စက်ဘီးစီးပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား အဒမ်ယိတ် ဗို်လ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲက ဧပြီ(၂၇)ရက်ကနေ မေလ(၄)ရက်အထိ အဆင့်(၈)ဆင့် ပြိုင်ရပါတယ်။ အဆင့်အားလုံးပေါင်းမှာ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ အဒမ်ယိတ်က (၂၇)နာရီ(၅၁)မိနစ် (၂၂)စက္ကန့်နဲ့ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို ရပါတယ်။ အဒမ်ယိတ်အနေနဲ့ ပရော်ဖက်ရှင်နယ် အဆင့်လိုက် စက်ဘီးစီးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အောင်ပွဲရတာ ဖြစ်ပါတယ်။ သူ့နောက်မှာ အက်စ်တိုးနီးယားနိုင်ငံသား တာရာမေးက (၅)စက္ကန့်အကွာနဲ့ ဒုတိယရပြီး ပြင်သစ်နိုင်ငံသား ရိုမိန်းဟာဒီက (၃၉)စက္ကန့်အကွာနဲ့ တတိယရပါတယ်။ နောက်ဆုံးနေ့ ပြိုင်ရတဲ့ အဆင့်(၈)မှာတော့ ဗြိတိန်နိုင်ငံသား မာ့ခ်ကာဗန်ဒစ်ရှ်က ပထမရပြီး အီတလီနိုင်ငံသား အီလီယာဗီဗီယာနီက ဒုတိယနဲ့ အီတလီနိုင်ငံသားပဲဖြစ်တဲ့ အင်ဒရေဂွာဒီနီက တတိယ ရပါတယ်။

No comments:

Post a Comment

back to top