တရုတ် စစ်သင်္ဘော ရေယာဉ်စု နိုင်ဂျီးရီးယား သို့ ရောက်ရှိ
တရုတ်ရေတပ်ဖွဲ့၏ အမှတ်(၁၆)
ရေတပ်လုံခြုံရေး ရေယာဉ်စုသည် မေ ၂၄ ရက်က နိုင်ဂျီးရီးယား နိုင်ငံသို့ ချစ်ကြည်ရေး
ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြောင်းနှင့်အဆိုပါ ရေယာဉ်စုတွင် ပုံစံသစ်ပဲ့ထိန်း
ဒုံး ကျည်တင် ဖရီးဂိတ်စစ်သင်္ဘော Yancheng ၊ ပဲ့ထိန်းဒုံးကျည်တင် ဖရီးဂိတ်စစ် သင်္ဘော
Luoyang နှင့် အနည်းဆုံး ရေတပ်စစ်သည် ၆၆ဝ သယ်ဆောင်နိုင်သည့် အထောက်အကူပြု သင်္ဘော
Taihu တို့ပါဝင် ကြောင်း နိုင်ဂျီးရီးယား နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး
Gu Xiaoje က ပြောကြားခဲ့သည်။
အဆိုပါ ရေယာဉ်စုအား
နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း ရေတပ်ဌာနချုပ်၏ စစ်ဦးစီး အရာရှိချုပ် ရေတပ်
ဒုတိယဗိုလ်ချုပ်ကြီး E.G Ofik နှင့်အတူ ကြိုဆိုခဲ့ကြကြောင်းနှင့်
ယခုလိုလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ ရေတပ်များအကြား ရင်းနှီးကျွမ်းဝင်မှု
ပိုမိုတိုးတက်ရေးကို မျှော်မှန်းထားကြောင်း Gu Xiaoje က ပြောကြားခဲ့သည်။ ထို့အပြင်
ရေယာဉ်စု အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး Li Pengcheng က ယခုခရီးစဉ်သည် တရုတ်နှင့်
နိုင်ဂျီးရီးယားနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေးသာမက နှစ်နိုင်ငံ ရေတပ်အကြား
ဆက်ဆံရေး တိုးမြှင့်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ခရီးစဉ် အတွင်း
နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ခန်း သာမက အတတ်ပညာပိုင်း ဆိုင်ရာ အပြန်အလှန်
ဖလှယ်မှုများ လုပ်ဆောင် သွားမည့်အပြင် နိုင်ဂျီးရီးယား တပ်မတော် အဆင့်မြင့်
အရာရှိကြီး များနှင့် တွေ့ဆုံဆွေး နွေး ပွဲများ ပြုလုပ်သွားရေး စီစဉ်ထားရှိကြောင်း
သိရှိရသည်။
No comments:
Post a Comment