Monday, May 26, 2014

ထိုင်းမယ်စကြ၀ဠာ အလှမယ်နဲ့ နှိုင်းယှဉ်ချီးကျူးခံရတဲ့ မေမြတ်နိုး



Miss Universe ပြိုင်ပွဲသို့ စေလွှတ်ရန် ရွေးချယ်ထား သော ထိုင်းအလှမယ်ကို မနှစ် သက်သော  ထိုင်းပရိသတ်များက မြန်မာအလှမယ် မေမြတ်နိုး၏ လှပမှုနှင့် နှိုင်းယှဉ်ကာ အွန်လိုင်းစာမျက်နှာများ တွင် ဝေဖန်လျက် ရှိသည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ် နေသည့် Miss Asia Pacific World အလှမယ်ပြိုင်ပွဲ၌ မြန်မာ နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ် ပြိုင်လျက်ရှိသော မေမြတ်နိုးကို လှပပြီး ခန္ဓာကိုယ်ကြော့ရှင်းသ ဖြင့် အံ့သြမိကြောင်း၊ ယခုယှဉ် ပြိုင်နေသော ပွဲထက် Miss Uni-verse ပွဲတွင် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း ထိုင်းပရိသတ်များက  လူမှုကွန်ရက်များတွင်  မှတ်ချက်ပေးကာ   ချီးကျူး ပြောဆိုကြသည်။
‘‘ကျွန်တော့်အမြင် ဒီနှစ်မြန် မာမယ်ကတော့ ခင်ဝင့်ဝါပြီးရင် အားအပေးဆုံးလို့ ထင်ရ တယ်။ တော်တော်များများလည်း နှစ် သက်ကြတယ်။ ကျွန်တော်အပါ အ၀င်ပေါ့။ မေမြတ်နိုးက သင်ယူ ရတာလွယ်ပြီး ထက်မြက်တဲ့ပုံစံ ပေါက်တယ်။ သူ့ရဲ့ အားသာချက် က အပြုံးပဲ။ ကျွန်တော် သူ့ရဲ့အ ပြုံးကို ပိုနှစ်သက်မိတယ်။ ထိုင်း မှာကျတော့ မေမြတ်နိုးရဲ့ Body ကို ပိုကြိုက်တယ်။ နိုင်ငံတကာ မီတယ်။ ထူးဆန်းတာက ထိုင်း တွေက အသားအရေကိုလည်း ကြိုက်နှစ်သက်တယ်ဆိုပဲ’’ ဟု ထိုင်းနိုင်ငံတွင် ထိုင်းဘာသာ စကားလေ့လာသင်ယူနေသော ကိုငွေတိုးက ပြောသည်။
ပြိုင်ပွဲကာလ ခုနစ်ရက် မြောက်နေ့အချိန်ထိ ပြိုင်ပွဲဝင်အ လှမယ် ၅၁ ဦးအနက် ဖိလစ်ပိုင်၊ အိန္ဒိယအလှမယ် များနှင့်အပြိုင် မြန်မာအလှမယ် မေမြတ်နိုးက သရဖူဆောင်းရန် ရေပန်းစားလျက်ရှိ ပြီး မြန်မာပရိသတ် များကလည်း မေမြတ်နိုး သရဖူရလိမ့်မည်ဟု မျှော်လင့်နေကြကြောင်း သိရ သည်။ ထို့အပြင် အွန်လိုင်းမဲပေး ရာတွင်လည်း မေမြတ်နိုးက ပထ မနေရာ၌ ရပ်တည်နေဆဲဖြစ် သည်။ နောက်ဆုံးဖိုင်နယ်ပွဲကို မေ လ၃၁ ရက်တွင် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ရှိ Hilton ဟိုတယ် ၌ ပြုလုပ်မည်ဖြစ်သည်။

No comments:

Post a Comment

back to top