မြောက်ကိုရီးယားအမြောက်ကျည်များ တောင်ကိုရီးယား စစ်ရေးယာဉ် အနီး ကျရောက်ပေါက်ကွဲ
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်အတွင်းသို့ မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်လိုက်သော အမြောက်ကျည်များ
ကျရောက်ခဲ့ကြောင်း၊ အမြောက်ဆန်ကျရောက်ရာ အနီး တွင် တောင်ကိုရီးယားစစ်ရေုးယာဉ်တစ်စင်းရှိနေခဲ့ကြောင်း
တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူက မေ ၂၂ ရက်တွင် ပြောကြားသည်။
အခင်းဖြစ်ပွားရာနေရာ သည်
နှစ်နိုင်ငံ ပိုင်နက်ရေပြင် အငြင်းပွားရာ၌ တည်ရှိသည့် ယောင်ပြွန်းကျွန်းအနီးရှိ အနောက်ဘက် ပင်လယ်နယ်နိမိတ် အတွင်း၌ဖြစ်ကြောင်း
တောင်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန ယွန်ဟပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ မေ ၂၀ ရက်က
နှစ်နိုင်ငံရေကြောင်းပိုင်နက် နယ်နိမိတ် အား ဖြတ်ကျော်လာသည့် မြောက်ကိုရီးယားသင်္ဘော သုံးစင်းအား
တောင်ကိုရီးယားက သတိပေးပစ် ခတ်မှုများ ပြုလုပ်ခဲ့ပြီး ယင်းအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း
မြောက်ကိုရီးယားက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံက
၂၀၁၀ ခုနှစ်တွင် ယောင်ပြွှန်ကျွန်းရှိ တောင်ကိုရီးယားပစ်မှတ်များအား အမြောက်များဖြင့်
ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံသားလေးဦး သေဆုံးခဲ့ရဖူးသည်။ မေ ၂၂ ရက်
ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း
တောင်ကိုရီးယားတာဝန်ရှိသူက ပြောကြားသည်။
မြောက်ကိုရီးယားမှ
ပစ်ခတ်ခဲ့သော အမြောက်ကျည်များသည် တောင်ကိုရီးယားရေပြင်ပိုင်နက်အတွင်း ပုံမှန်ကင်းလှည့်နေသည့်
ရေယာဉ်အနီး ကျရောက်ပြီး ရေယာဉ်မှာ ထိခိုက်ပျက်စီး မှုမရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန
ပြောရေး ဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ဒေသဆိုင်ရာ သတင်းဌာနများ၏
အဆိုအရ ယင်းဖြစ်ရပ် အပြီးတွင် တောင်ကိုရီးယားတပ်ဖွဲ့များက မြောက်ပိုင်းရေပြင်အတွင်းသို့
အမြောက်များဖြင့် အချက်ပေါင်း များစွာ တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment