အင်တာနက်ဝန်ဆောင်မှုစင်တာ မန္တလေးတွင် မကြာမီ ဖွင့်လှစ်မည်
မန္တလေးတိုင်း
ဒေသကြီးအတွင်းရှိ အင်တာနက် ကေဘယ်လိုင်းဖြင့် ချိတ်ဆက်အလုပ်လုပ်နေရသော အင်တာနက် အသုံးပြုနေသူများ
အင်တာနက်အသုံးပြုစဉ် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါက မန္တလေး တိုင်း ဒေသကြီး မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသို့ အကြောင်းကြား ဆက်သွယ်နိုင်စေရန်နှင့် ၄င်း အကြောင်းကြား ဆက်သွယ်မေးမြန်းထားသည့်
နေရာများကို တိုက်ရိုက်ဝန်ဆောင်မှုပေး မည်ဖြစ် သည့် ပြည်သူ့ဝန်ဆောင်မှုရုံးခန်း
Internet Customer Careservice Center တစ်ခုအား မကြာမီ ဖွင့်လှစ် သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း
မန္တလေးတိုင်း ဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
မကြာမီဖွင့်လှစ်မည့်
စင်တာတွင် အင်တာနက် ၀န်ဆောင်မှု အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခု တည်းကသာ အကြောင်းကြားထားသည့်
နေရာများကို သွားရောက်စစ်ဆေးခြင်းနှင့် အခြားဝန်ဆောင် မှုများ ပေးမည်ဖြစ်ပြီး
Redlink Fortune အစရှိသည့် ပူးပေါင်းပါဝင်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment