Tuesday, May 6, 2014

ဆက်သွယ်ရေးဆက်ကြောင်းများ တိုးချဲ့ တပ်ဆင်ပေး ရန် ကိုကိုးကျွန်းဒေသခံများလိုလား 




၁။ ၂၀၁၄ခုနှစ်၊မေ၊(၆)ရက်နေ့  ၊ နံနက် ၀၇၃၀ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ဦးစီးသည့်အဖွဲ့ သည် ကိုကိုးကျွန်းမြို့ နယ် သို့  မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ ၀၈၄၅ နာရီတွင် ကိုကိုးကျွန်းလေဆိပ်သို့ ရောက်ရှိသည်။
၀၉၁၅နာရီတွင် ကိုကိုးကျွန်းမြို့ နယ် ၊ မြို့ နယ်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင် မှ ကိုကိုးကျွန်းမြို့ နယ် အတွင်း ရှိ အစိုးရဌာန (၁၇) ဌာနတို့ မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ ဆုံပွဲ ပြုလုပ်သည်။ ယင်းတွေ့ ဆုံပွဲသို့  ကိုကိုးကျွန်းမြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ယု၊ကိုကိုးကျွန်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း နှင့် ကိုကိုးကျွန်းမြို့ နယ် ဦးစီးဌာန ဌာနမှူးများ နှင့် တာဝန်ရှိသူများ၊ မိခင်က လေး နှင့် အမျိုးသမီးရေးရာတို့ မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များ လူမှုရေးအသင်းအဖွဲ့ ဝင်များ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်မှ အဖွင့်အမှာစကား ပြောကြားရာ - မိမိ တို့  အဖွဲ့  အနေဖြင့် ကိုကိုးကျွန်းမြို့ နယ် ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ ဆုံရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ကိုကိုးကျွန်းမြို့ နယ် ဖွံ့ ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးလိုကြောင်း ပြောကြားသည်။ ယင်းနောက် ကိုကိုးကျွန်းမြို့ နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း က နယ်မြေဒေသဆိုင်ရာ အခြေအနေများကို ရှင်းလင်း တင်ပြသည်။ အစီအစဉ်အရ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံများက လိုအပ်ချက် များကို ဆွေးနွေးတင်ပြရန် ဖြစ်သော်လည်း တက်ရောက်လာသူ အားလုံးနီးပါးက တင်ပြရန်မရှိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြသည်။ ထို့ နောက် ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်မှ နိဂုံးချုပ် အမှာ စကားပြောကြားကာ တွေ့ ဆုံပွဲကို ရပ်နားခဲ့သည်။ 




ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင် နှင့် အဖွဲ့သည် ကိုကိုး ကျွန်းမြို့ နယ် မြန်မာ့ဆက်သွယ်ရေး ရုံးသို့ လည်းကောင်း၊ ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့  ကိုကိုး ကျွန်း မြို့ နယ် ရုံးသို့ လည်းကောင်း၊ ကိုကိုးကျွန်းမြို့ နယ် အမျိုးသမီးရေးရာ ရုံးအသစ်ဆောက်လုပ်မည့် မြေနေရာ သို့ လည်းကောင်း၊ကိုကိုးကျွန်းမြို့ နယ် အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း ၊ ကိုကိုးကျွန်းမြို့ နယ် ပြည်သူ့ ဆေးရုံကြီးသို့ လည်းကောင်း စသည့် နေရာအသီးသီးသွားရောက်ကာ လိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး အတွက် ကွင်းဆင်း ကြည့်ရှုခဲ့ပြီး မြို့ နယ် တာဝန်ခံ ဦးစီးမှူးများနှင့် ၀န်ထမ်းများအားတွေ့ ဆုံ၍ လိုအပ်ချက်များကို မေးမြန်းခဲ့ကြောင်း သိရသည်။ 
ကိုကိုးကျွန်းမြို့ နယ်တွင် 450MHz CDMA ဖုန်းတစ်မျိုးသာ အသုံးပြု၍ရနေကြောင်း၊ ဆက်သွယ်ရေး ဆက်ကြောင်းမှာလည်း ဂြိုလ်တု ဆက်ကြောင်း ဖြစ်၍ မကြာခဏ ပြတ်တောက်ကြောင်း၊ GSM ကဲ့သို့ အခြား ဖုန်းလိုင်း အသစ်ကို တပ်ဆင်ပေး ရန် ကိုကိုးကျွန်းဒေသခံများမှ လိုလားလျှက်ရှိနေကြောင်း၊ 450MHz CDMA တယ်လီဖုန်း ဆက်သွယ်မှုဂြိလ်တု ဆက်ကြောင်း ကောင်းမွန်စေရေးအတွက် ၄၈ ဗို့  အား အင်ဗာတာ တစ်လုံး နှင့် ၁၂ ဗို့  အင်ဗာ တာ (၂)လုံး ၊ ၁၂ ဗို့  ဘက်ထရီ အိုး (၂) လုံးတို့ လိုအပ်ကြောင်း နှင့် နေ့ စဉ် ထုတ် သတင်းစာများကို အင်တာ နက်မှ တစ်ဆင့် ကူးယူ၍ ကိုကိုးကျွန်းမြို့ နယ်အတွင်း ပြန်လည်ဖြန့် ဝေသည့်လုပ်ငန်းများကို ဆောင်ရွက် လျှက် ရှိကြောင်း တို့ ကို ဆက်သွယ်ရေးရုံးတာဝန်ခံများမှ တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်နှင့်အဖွဲ့သည် ၁၃၀၀ နာရီတွင် ကိုကိုးကျွန်းမြို့ နယ် မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top