Tuesday, May 6, 2014

၂၀၁၄ ခုနှစ် Billboard Music Award ဆုဂျနီဖာလိုပက်ဇ် လက်ခံမယ်

 



   


နာမည်ကြီးအဆိုတော် သရုပ်ဆောင် ဂျေလိုခေါ် Jennifer Lopez ဟာ သူရဲ့သီချင်း ၂ပုဒ်ဖျော်ဖြေတင် ဆက်ခဲ့မှုအတွက် ဒီနှစ်အတွက်  Billboard Music Awards ဆုတွေထဲက Icon Award ဆုကို လက်ခံယူ မှာဖြစ်တယ် လို့ Billboard ဆုရွေးချယ်ရေးအဖွဲ့က မေလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
လာမယ့် မေလ ၁၈ ရက်နေ့မှာ ကျင်းပမယ့် အခန်းအနားမှာ ဂျေလိုဟာ သူ့ရဲ့ သီချင်း ၂ ပုဒ်ကိုလည်း ဖျော်ဖြေဖို့ရှိပြီး ပစ်ဘူးလ် (Pitbull) နဲ့ ပါတွဲဖက်ပြီး ကမ္ဘာဖလား သီချင်းကိုလည်း ပြန်လည် ဖော်ဖြေဖို့ ရှိသလို ဂျေလိုက သူ့ရဲ့ တကိုယ်တော် First Love ဆိုတဲ့ သီချင်းကိုလည်း သီဆိုမယ်လို့ သိရပါတယ်။
“ဂျနီဖာ လိုပက်ဇ်ဟာ သူ့ မျိုးဆက်ရဲ့ တကယ့်ကို သင်္ကေတပြုရမယ့် အကောင်းဆုံး ဖျော်ဖြေရေးသမားတွေ ထဲ က တ ယောက် ပဲဖြစ်တယ်” လို့ Billboard Music Awards အဖွဲ့ ထုတ်လုပ်သူ လာရီ ကလိန်း ( Larry Klein ) က ကြေညာချက်မှာ မှတ်ချက်ပေးထားပါတယ်။



 

No comments:

Post a Comment

back to top