စေတန်ရဲ့ကချေသည်ဇာတ်ကားမှာ
အမှတ်တရတဲ့ ဇာတ်ဝင်ခန်း အကြောင်း ယွန်းယွန်းပြော
စေတန်ရဲ့ ကချေသည်ရုပ်ရှင်ဇာတ်ကားကိုတော့
မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နေတိုး၊ သက်မွန်မြင့်တို့နဲ့
အတူ ယွန်းယွန်း လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။
စေတန်ရဲ့ကချေသည် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ခြင်းနဲ့ပတ်သတ်ပြီး
ယွန်းယွန်းက "အဲဒီဇာတ်ကားလေး ကိုရိုက်ဖို့ ဦးဝိုင်း (ဒါရိုက်တာဝိုင်း) ကပြောထားတာ
ကြာပါပြီ။
ရိုက်ဖြစ်တော့လည်း တအားပျော်ပါတယ်။ ရိုက်ကွင်းပေါ်မှာလည်း ဦးဝိုင်းသင်ပေးသလောက်ကို အတတ်နိုင် ဆုံး ကြိုး စားပြီးတော့ ရိုက်ဖြစ်ခဲ့တာပါ။ ရိုက်တဲ့အချိန်မှာလည်း ပထမဦးဆုံးဆင်းဖြစ်တဲ့ ကွင်းပြင်ကျယ်ကြီး ထဲမှာ ယွန်းယွန်း နောက်ကို သူငယ်ချင်းတွေကပြေး လိုက်တဲ့အခန်း ကိုတော့ အမှတ်တရအဖြစ်ဆုံးပါပဲ။ တစ်ခါမှလည်းမရိုက်ဖူးဘူး။ တအားလည်းပင်ပန်းတယ်။ ပြန်ကြည့်တဲ့အခါမှာ လည်းတအားကြိုက်တယ်။ ဒီဇာတ်ကားလေးနဲ့ ပတ်သက်ပြီးတော့ တအားကိုကျေနပ်ရပါတယ်” လို့ပြောပါတယ်။

No comments:
Post a Comment