ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဇော်မြင့်ဖေ (မန္တလေးတိုင်းဒေ သကြီး နယ်မြေတာဝန်ခံ) နှင့် ခရိုင်/ မြို့နယ် ကော်မတီဝင်များ တွေ့ဆုံ
မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် မေ (၅) ရက် ညနေ (၄) နာရီမှ (၆) နာရီခွဲ ထိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် (မန္တလေး တိုင်းဒေသကြီး နယ်မြေ တာဝန်ခံ) ဦးဇော်မြင့်ဖေ က ခရိုင် အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ ဦးစောဌေး၊ အတွင်းရေးမှူး ဦးငြိမ်မောင်နှင့် ခရိုင်ကော်မတီဝင်များ၊ မိတ္ထိလာမြို့နယ် ပါတီ ခေတ္တ အတွင်းရေးမှူး ဦးမြသွင်နှင့် ကော် မတီဝင်များ၊ မလှိုင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ ခေတ္တ အတွင်းရေးမှူး ဦးစိုးသိန်း (၂)နှင့် မြို့နယ် ကော်မတီဝင် စုစုပေါင်း ၃၁ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခေတ္တအတွင်းရေးမှူးများက လက်ရှိပါတီဝင်အခြေအနေ၊ ထပ်မံ စည်းရုံးနေမှု အခြေအနေ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းနှင့် ဘက်စုံလှုပ်ရှားမှု ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြကြရာ ဗဟိုကော်မတီဝင် (မန္တလေးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ) က ပြည်သူ့ပါတီအဖြစ် ဆောင်ရွက်သွားရန်၊ ပါတီစည်းရုံးရေးပြုလုပ်ရာတွင် စိတ်ရှည်သည်းခံပြီး စည်းရုံး သွားရန်၊ နယ်မြေ ဒေသ အလိုက် ပြည်သူလူထု လိုအပ်ချက်များကို ထိထိရောက်ရောက်ကူညီပေးရန်၊ ပဋိပက္ခကို ဖော် ထုတ်နေသော ပါတီမျိုးမဖြစ်စေဘဲ ပြဿနာကို ရှင်းပေးနေသောပါတီမျိုး သာ ဖြစ်စေရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment