ASEAN Airline
Meeting (AAM) ကို အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်း (MAI) က ဦးစီး ကျင်းပမည်
မြန်မာနိုင်ငံမှ
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ASEAN
Air Transport Working Group (ATWG) အစည်းအဝေးကို မေ ၅ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ Chatrium Royal
Lake ၌ ကျင်း ပ မည်ဖြစ်ရာ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) က (၂၅) ကြိမ်မြောက်
အာဆီ ယံ လေကြောင်း အစည်းအဝေး (AAM) ကို တာဝန်ယူ ဦးစီးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
AAM မှ သိရ သည်။ အဆိုပါ အစည်းအဝေးကို အာဆီယံနိုင်ငံများမှ လူဦးရေ ၂ဝဝ ခန့် တက်ရောက်ကြ မည်ဖြစ် ပြီး
လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို အဓိက ဆွေးနွေးတင်ပြ ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏
တစ်ခုတည်းသော IOSA လက်မှတ်ရ MAI လေကြောင်းလိုင်းသည် ခရီးသည်များ လုံခြုံ စိတ်ချ ချောမွေ့သက်သာစွာ လိုရာခရီးသွားနိုင်ရန် ဝန်ဆောင်မှု အပြည့် ပေးနေသော လေကြောင်း လိုင်း အဖြစ်
ရပ်တည်လျက်ရှိကြောင်း သိရသည်။ MAI သည် မတ် ၂၄ ရက်နှင့် ၂၅ ရက်များ တွင် မြန် မာနိုင်ငံ၌ ပထမ ဦးဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သော
Myanmar Civil Aviation Development
Conference (MCADC) 2014 ကိုလည်း တစ်ခုတည်းသော
မြန်မာနိုင်ငံ ကိုယ်စားပြု လေကြောင်းလိုင်း အနေဖြင့် အဓိက ကူညီပံ့ပိုးခဲ့ကာ နိုင်ငံတော်အတွက်
ဦးဆောင်ပါဝင် စီစဉ်ခဲ့ကြောင်း သိရ သည်။
No comments:
Post a Comment