၁ဝဝ ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် နှစ်မျိုးရောင်းချ
ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂ဝ၁၄ ခုနှစ်တွင်
မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်သည့် အထိမ်းအမှတ် ၁ဝဝ ကျပ်တန် အထူးထုတ်
စာပို့ တံဆိပ်ခေါင်းသစ် နှစ်မျိုးကို မေ ၈ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍
တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် ဆက်သွယ်ရေး စခန်း(စာတိုက်) များ၌ရောင်းချမည်
ဖြစ်သည်။
အထူးအစီအစဉ်
တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင်
မေ ၈ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment