Tuesday, May 6, 2014



(၂၄) ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်း အဝေး အတွက် မီဒီယာ ဝင်ထွက်ခွင့် ကတ်များ ထုတ်ပေးမည်
မေ ၁ဝရက်မှ  ၁၁ရက်အထိ နေပြည်တော် မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပမည့် (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးသို့ တက်ရောက် သတင်း ရယူနိုင်ရန် အွန်လိုင်း မှတ်ပုံတင် ဆောင်ရွက်ပြီးသော ပြည် တွင်း/ ပြည်ပ သတင်းထောက်များ အတွက် ဝင်/ထွက်ခွင့် ကတ်များအား နေပြည် တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ရုံးအမှတ်(၇) စုဝေး ခန်းမကြီး၌ မေ ၉ရက် နံနက် ၁ဝနာရီမှ ညနေ ၅နာရီအထိ ထုတ်ပေး သွားမည်ဖြစ်သည်။                    
ထို့ပြင်  ပြည်တွင်း ပြည်ပမီဒီယာများ တည်းခိုနိုင်ရန် နေပြည်တော်ရှိ Mannmyanmar Hotel နှင့် Sky Palace Hotel တို့၌ စီစဉ် ပေးထားရာ ငှားရမ်း လိုပါက မေ ၈ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်း ရန်နှင့် Sky Palace Hotel ( afom@skypalace.asia, 067-422122~129) နှင့် Mannmyanmar Hotel ( mannmyanmarhotel@gmail.com, 067-422131~134) တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top