ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရက်မူးတိုင်း
ကိရိယာဖြင့် ယာဉ်မောင်းများကို စတင်စစ်ဆေး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသော
ယာဉ်မောင်းများအား အရက်သေစာ သောက် စားထားခြင်း ရှိမရှိကို အရက်မူးတိုင်း ကိရိယာများဖြင့်
စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ မေ ၂၂ ရက်တွင် စုံစမ်းသိရသည်။
အဆိုပါကဲ့သို့ ယာဉ်မောင်းများ အနေဖြင့် အရက်သေစာ
သောက်စားခြင်း ရှိ၊ မရှိကို တိကျစွာ စစ်ဆေးနိုင် ရန်အတွက် ထိုင်းနိုင်ငံမှ အဆင့်မြင့်သည့်
အရက်မူးတိုင်း ကိရိယာအား ၀ယ်ယူဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။“ထိုင်းနိုင်ငံကနေ
အဆင့်မြင့်တဲ့ အရက်မူးတိုင်း ကိရိယာ အခု ၁၀၀ ကို ၀ယ်ယူခဲ့ပါတယ်။ အခု အဲဒီကိရိယာတွေ
ရောက်ရှိလာတဲ့အတွက် အခုအရေအတွက် ၁၀၀ ထဲက ၃၈ ခုကို အမြန်လမ်းတစ်လျှောက် တိုးဂိတ်တွေမှာ
စတင်စစ်ဆေးနေပါပြီ။ အရက်သေစာ သောက်စားပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို စစ်ဆေးတွေ့ရှိခဲ့ရင်တော့
အရေးယူသွားပါမယ်”
ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွေးကဆိုသည်။
ယင်းအမြန်လမ်းမကြီးပေါ်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မေ ၁၉ ရက်အထိ ယာဉ်တိုက်မှု ၁၉၀ မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ref;eleven media group
No comments:
Post a Comment