အင်္ဂလန်ထုတ်MG ကားအရောင်းပြခန်း ဇွန်လဆန်းတွင် ဖွင့်မည်
အင်္ဂလန်နိုင်ငံမှ
နာမည် ကြီး MG ကားကုမ္ပဏီက ကားအရောင်းပြခန်းကို ရန်ကုန်မြို့တွင် လာမည့်
ဇွန်လဆန်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်း ၉၀ ကျော်ကြာ ကားထုတ်လုပ် ရေး လုပ်ငန်းများ လုပ်ကိုင်နေ သည့် အဆိုပါ ကုမ္ပဏီမှာ ရန်ကုန် မြို့ ပြည်လမ်းမပေါ်ရှိ ဟံသာဝတီ အဝိုင်းအနီးတွင် MG ၏ လိုဂိုဖြင့် LS Auto ကား အရောင်းပြခန်းဟူ ၍ ဖွင့်လှစ်သွားမည်ဖြစ်သည်။
၁၉၂၄ ခုနှစ်တွင် အင်္ဂလန် နိုင်ငံ အယ်ဘင်တန်မြို့၌စတင်စမ်းသပ်ထုတ်လုပ်ခဲ့သည်။ MG ၏ အရှည်ကောက်မှာ Morris Garages ဖြစ်သည်။ ယခင်က ဥရောပတစ်လွှားတွင်သာ ဖြန့်ဖြူး လူသိများ ခဲ့သည့် ကားသာဖြစ်ပြီး အာရှနှင့် အနည်းငယ်စိမ်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် အာရှရှိ တရုတ်နိုင်ငံမှကားကုမ္ပဏီ တစ်ခုနှင့် ချိတ်ဆက်ပြီး ရှန်ဟိုင်းတွင် ဆက်လက်ထုတ်လုပ်ကာ အာရှသို့ ဖြန့်ဖြူး ခဲ့သည့် ကား ကုမ္ပဏီတစ်ခုဖြစ်သည်။
LS Auto ကားအရောင်းပြ ခန်းတွင် MG ကားအမျိုးအစား ငါးမျိုးဖြစ်သည့် အင်ဂျင် ပါဝါ ၂,၅၀၀ ရှိ MG 750 ၊ အင်ဂျင်ပါဝါ ၁,၈၀၀ ရှိသည့် MG6၊ အင်ဂျင်ပါ ဝါ ၁,၅၀၀ ရှိသည့် MG5၊ အင်ဂျင် ပါဝါ ၁,၅၀၀ ရှိသည့် MG3x Ross၊အင်ဂျင်ပါဝါ ၁,၅၀၀ ရှိသည့် MG3 တို့ကို ပြသရောင်းချသွား မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ် ပြန်သည်။
အင်္ဂလန်တွင် အဆိုပါ MG ကားမှာ ၁၉၇၅ ခုနှစ်က အင်္ဂလန် တော်ဝင်မျိုးနွယ်စုများက စီးနင်းခဲ့ ကြပြီး ၁၉၇၅ ခုနှစ်က MG ကား အမျိုးအစားများကို တစ်သန်း ကျော်အထိ ထုတ်လုပ်ရောင်းချ နိုင်ခဲ့သည်။
တန်ဖိုးအားဖြင့် MG ကား များသည် မြန်မာနိုင်ငံတွင် စတင် ရောင်းချပါက ကျပ်သိန်း ၃၀၀ မှ သိန်း ၄၀၀ အတွင်းသာရှိကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ကားအရောင်းပြခန်းပေါင်း ၁၅၀ ကျော်ရှိပြီး ကမ္ဘာကျော် ကား show room ပေါင်း ကိုးခုအထိရှိ နေပြီဖြစ်သောကြောင့် MG အနေ ဖြင့် ဇွန်လဆန်းတွင် ဖွင့်လှစ်နိုင်ပါ က ၁၀ ခုမြောက် show room လည်းဖြစ်လာနိုင်သည်။ အင်္ဂလန် ကားကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံး လာရောက် ဖွင့်လှစ်သည့် ကားအရောင်းပြ ခန်းလည်းဖြစ်လာနိုင်သည်။

No comments:
Post a Comment