Friday, May 23, 2014


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်လာ သန်း ၁၀၀ ကူညီမည်
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပထမဦးဆုံး ကူညီဆောင်ရွက်မှုအဖြစ် ဒေါ်လာသန်း ၁၀၀ ကူညီမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်များအရ သိရသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ကျောင်းသား ကျောင်းသူ ၈ ဒသမ ၂ သန်း တက်ရောက် သင်ကြားနေသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာသင်ကျောင်းများသို့ ကျောင်းရန်ပုံငွေ ထောက်ပံ့ခြင်း အစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်း သားကျောင်းသူ တစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ခြင်း အစီအစဉ်များကို တိုးချဲ့ဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံအစိုးရအား ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကျောင်းရန်ပုံငွေ ထောက်ပံ့ရေးစီမံကိန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအား ကူညီပေးသည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ ရန်ပုံငွေမှ နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀ အပြင် သြစတြေးလျနိုင်ငံမှ အလှူငွေ ဒေါ်လာ သန်း ၂၀ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ဖြင့် Myanmar Partnership Multi-Donor Trust Fund မှတစ်ဆင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ကျောင်းထောက်ပံ့ကြေး စီမံချက်နှင့် အခြေခံပညာ အဆင့် ကျောင်းသူကျောင်းသား များအတွက် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေးစီမံချက် လုပ်ငန်းများ ပိုမိုတိုး တက်စေရန် ကူညီသွားမည်ဟု သိရသည်။

အဆိုပါ စီမံကိန်းသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အဆိုပါအစီအစဉ်နှစ်ခုကို တိုက်ရိုက်ကူညီ သွားမည်ဖြစ်ပြီး ၀န်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများ အားလုံးအတွက် ရည်ရွယ်ကြောင်း၊ ထို့အပြင် ကျောင်းသူကျောင်းသား များအတွက် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေးစီမံချက်ကို မြို့နယ် ၄၀ တွင် စီမံကိန်းကာလ လေးနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါစီမံချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် ဆန်းစစ်ကြီးကြပ်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ရာ တွင်လည်း ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် မြန်မာ့ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ရည်မှန်းဆောင်ရွက်ခြင်းဖြစ်ပြီး ယခု စီမံကိန်းများမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်များကို မြင့်တက်လာစေရန် ကူညီသွား မည်ဖြစ်ကာ နိုင်ငံ သားတိုင်းအတွက် ကောင်းမွန်သော ပညာရေးစနစ်ကို ရရှိစေရန်၊ ကျောင်း ထွက်နှုန်း လျော့ ကျပြီး ကျောင်း သားများ ပညာရေးကို ဆုံးခန်းတိုင် သင်ကြားခွင့်ရရှိစေရန် ကူညီသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ref;eleven media group

No comments:

Post a Comment

back to top