MRCCI အမှု ဆောင်သစ် ရွေးချယ်ပွဲ ကျင်းပမည်
မန္တလေးကုန်သည် စက်မှုအသင်း (MRCCI) ၏
အမှုဆောင်သစ် ရွေးချယ်ပွဲကို ယခုလကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး အသင်းသားသက်တမ်း
နှစ်နှစ်ပြည့်ပြီးသူများ မဲပေးနိုင်ခွင့်ရှိကာ မိတ်ဖက်အသင်း ကိုယ်စား လှယ်
တစ်ဦးကို အလိုအလျောက် အီးစီအဖြစ် ပါဝင်ဆောင် ရွက်နိုင်ရန် စီစဉ် ထားကြောင်းသိရသည်။
''ကျွန်တော်တို့ အခုကျင်းပမယ့် (MRCCI) ရဲ့အမှုဆောင်သစ် ရွေးချယ်ပွဲကို လွတ်လပ်ပြီး
တရားမျှတမှု ရှိဖို့ ရွေးချ ယ်ပွဲနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်တွေကို
ကြိုတင်ရေးဆွဲ ထားပါ တယ်။ မဲရေတွက်တာနဲ့ ကိုယ်စားလှယ် အမည် စာရင်းထုတ်ပြန်တဲ့ကိစ္စတွေကို
တတိယ ပါတီအဖွဲ့ က တာဝန်ယူ ဆောင်ရွက်ရမှာပါ။
ပွင့်လင်းမြင်သာတဲ့ ရွေးချယ်ပွဲ
ဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိတဲ့ အသင်းသူ၊ အသင်းသားအားလုံး မဖြစ် မနေ
မဲပေးစေချင်ပါတယ်။ အခုရွေးချယ်ပွဲကို အားလုံးပါဝင်ပြီး မှန်ကန်တဲ့
ရွေးချယ် ပွဲတစ်ခု ဖြစ်လာ မှ သာ (MRCCI) ကို တိုးတက်အောင်
ဦးဆောင်ဦးရွက် ပြုနိုင် မယ့် ခေါင်းဆောင် အစစ် အမှန်တွေ ပေါ် ထွက်လာ မှာပါ။ ဒါမှ
လည်း ရန်ကုန်အသင်းနဲ့ မန္တလေးအသင်းကြားမှာ ကွာဟချက်တွေ နည်းသွားမယ်။
အရည် အချင်းပြည့်ဝတဲ့ အမှုဆောင်တွေ ရရှိလာဖို့ မဲပေးရွေးချယ်ပေးဖို့ တိုက်တွန်းချင် ပါတယ်''
ဟု အသင်း ဝင် လုပ်ငန်းရှင်တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။
ယခုတစ်ကြိမ် ရွေးချယ်မည့် အမှုဆောင်သစ်
ရွေးချယ်ပွဲတွင် (MR CCI) အသင်းလုပ်ငန်း လုပ်ဆောင်မှု များကို ယခင်ကထက်
ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အမှုဆောင်အဖွဲ့ဝင် ၅၃ ဦးအထိ
တိုးချဲ့ဖွဲ့စည်း သွားမည်ကြောင်း သိရသည်။
No comments:
Post a Comment