မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ အသိ အမှတ်ပြု Network စာမေး ပွဲများ ကျင်းပမည်
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်
အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲများကို ဇွန်လတွင် ကျင်းပ မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်
အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့်
မကွေး တိုင်း ဒေသ ကြီးတို့တွင် တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေး သွားမည်
ဖြစ်ကြောင်း သိရသည်။ မြန် မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း၏စာမေးပွဲများမှာ အိုင်တီ
ပညာရှင်များအဖြစ် အသက်မွေးဝမ်း ကျောင်းပြု လိုသော ကျောင်းသား၊ ကျောင်းသူများ၊
အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ် ပြုခံနိုင်ရေး အတွက်
ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်။
အဆိုပါ စာမေးပွဲများသည် Professi-
Onal နယ်ပယ်သို့ စတင် ဝင်ရောက်ရန်အတွက် အဓိက လိုအပ်သော အသိပညာများနှင့်
ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်ရာ စာမေး ပွဲအောင်မြင် သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက် မည်ဟု သိရသည်။
စာမေးပွဲအမျိုး အစားမှာ Network Associate Examination (NA)
ဖြစ်ပြီး နောက်ဆုံး စာရင်းပေး ရမည့်နေ့မှာ ဇွန် ၁၈ ရက်
ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူ တာ ပညာရှင်
အသင်းရုံးခန်း အဆောင် (၄) အခန်း (၄) MICT Park လှိုင်တက္ကသိုလ်
နယ်မြေ ဖုန်း-ဝ၁- ၆၅၂၂၇၆ နှင့် ဝ၉- ၇၃ဝ၈၈၃ဝဝ တို့သို့ ဆက်သွယ်စုံစမ်း
နိုင်ကြောင်း သိရသည်။
No comments:
Post a Comment