ခိုင်မာမှန်ကန်မှုရှိသော ကုမ္ပဏီ အနည်းငယ်ဖြင့်
စတော့အိတ် ချိန်း ဈေးကွက် စတင်မည်
မြန်မာနိုင်ငံ၌ လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန်
စီစဉ်ဆောင်ရွက် လျက်ရှိသော စတော့ အိတ်ချိန်း ဈေးကွက်ကို ခိုင်မာမှုရှိသော အများပိုင်
ကုမ္ပဏီ အနည်းငယ်ဖြင့်သာ အစပြု အကောင် အထည်ဖော် ဖွင့်လှစ်သွားရန် ရည်မှန်းထားကြောင်း
ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြည်တွင်း၌ အဆိုပါ စတော့ဈေးကွက်ကို အကောင်အထည်
ဖော်ရာတွင် ကုမ္ပဏီ အရေအတွက် များစွာဖြင့် စတင် ရန် ရည်ရွယ်ထား ခဲ့သော်လည်း ကုမ္ပဏီများကို
ရွေးချယ်ရာတွင် အခက်အခဲများ ရှိနေခြင်းကြောင့် စတော့ ရှယ်ယာများ ဝယ်ယူကြမည့် ပြည်သူများအတွက်
စိတ်ချရပြီး နစ်နာမှု မရှိစေရန် ခိုင်မာမှန်ကန်မှု ရှိသော အများပိုင် ကုမ္ပဏီကြီး ငါးခုခန့်ဖြင့်သာ
စတော့အိတ်ချိန်း ဈေးကွက် ကို စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စတော့အိတ်ချိန်း ဈေးကွက်ကို အများပိုင်
ကုမ္ပဏီကြီး ငါးခုခန့်ဖြင့်သာ စတင်ဖွင့်လှစ်ရန် စီစဉ် ထားခြင်းသည် အာဆီယံ ဒေသတွင်းရှိ
အချို့နိုင်ငံများမှ စတော့ ဈေးကွက်များ စတင် တည်ထောင်စဉ် အခြေအနေ များနှင့် နှိုင်းယှဉ်လျှင်
အရေအတွက်အားဖြင့် နိမ့်ကျမှု မရှိကြောင်း၊ လာအိုနှင့် ဗီယက်နမ် အစရှိသော ဒေသ တွင်း နိုင်ငံအချို့တွင်
စတော့အိတ်ချိန်း ဈေးကွက်များ စတင်ဖွင့်လှစ်စဉ်က ကုမ္ပဏီနှစ်ခု၊ သုံးခုခန့်သာ ပါဝင်
ဆောင် ရွက်နိုင်ခြင်း ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက်လာပါက
ရှယ်ယာ အရောင်းအဝယ် ပြုလုပ် လိုသူများသည် စတော့ဈေးကွက်နှင့် ချိတ်ဆက်ထားသော ဘဏ်များ၌
အကောင့်များ ဖွင့်လှစ် ထားရှိပြီး စတော့ဈေးကွက်တွင် ပါဝင်သော ကုမ္ပဏီများ၏ အစုရှယ်ယာများကို
အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment