Tuesday, May 27, 2014


အမှိုက်သိမ်းခြင်းနှင့် စွန့်ပစ်ခြင်းအတွက် ကုမ္ပဏီ ခြောက်ခု လေ့ လာခွင့်ရရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ်အတွင်း ခရိုင်လေး ခရိုင်ခွဲ၍ အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယင်း သို့ ဆောင်ရွက်ရာတွင် အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းနှင့် သိမ်းဆည်းပြီး အမှိုက် သယ်ယူ ပို့ဆောင်သည့် လုပ်ငန်း၊ သယ်ယူ ပို့ဆောင်သော အမှိုက်များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်ခြင်း လုပ်ငန်း များ ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ အဆိုပါ အမှိုက်သိမ်း ဆည်းခြင်းနှင့် သိမ်းဆည်းပြီး အမှိုက် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းအဖြစ် လွှဲပြောင်း ဆောင်ရွက် သွား မည် ဖြစ် ရာ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၁ ခုမှ တင်ဒါတင်သွင်းခဲ့ပြီး ၄င်းတို့အနက် ကုမ္ပဏီခြောက် ခုသာ ကနဦးလေ့ လာ ဆောင်ရွက်ခွင့် ကြိုတင်ငွေ ပေးသွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီများသည် နိုဝင်ဘာလအထိ လက်တွေ့လေ့လာခွင့် ရရှိမည် ဖြစ်ပြီး အောက်တို ဘာလတွင် ကုမ္ပဏီ အလိုက် လေ့လာတွေ့ရှိ ချက်များနှင့် ဆောင်ရွက်မည့် ပုံစံကို တင်ဒါစည်းကမ်း ချက်နှင့်အညီ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လုပ်ငန်းများအား တင်ဒါအောင် မြင်သည့် ပုဂ္ဂလိက လုပ်ငန်းကို ၂ဝ၁၅ ခုနှစ်ဧပြီ ၁ ရက်မှစ၍ လုပ်ငန်း လွှဲပြောင်းပေးသွားမည် ဖြစ်ပြီး ၁ဝ နှစ် သက်တမ်းအထိ ပုဂ္ဂလိကလုပ်ငန်း အဖြစ် လုပ်ပိုင်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

 



No comments:

Post a Comment

back to top