ချဲလ်ဆီးကို စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ခဲ့ရတာလို့ ဒေးဗစ်လူးဝစ် ပြော

ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝစ်က (၃)နှစ်ကြာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းကို စွန့်ခွာဖို့ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ခဲ့ရတာပါလို့ သူ့တွစ်တာ အကောင့်ကတဆင့် စနေနေ့က ချဲလ်ဆီးပရိသတ်တွေကို နှုတ်ဆက်စကား ဆိုသွားပါတယ်။ ဒေးဗစ်လူးဝစ်ဟာ သောကြာနေ့က ဘရာဇီးနိုင်ငံမှာ ပီအက်စ်ဂျီအသင်း ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာ၊ ဆေးစစ်ခဲ့ပြီးဖြစ်သလို လစာကိစ္စလည်း သဘောတူညီမှု ရခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်ချန်ပီယံ အသင်းကို ရောက်ဖို့ သေချာသွားပါပြီ။ သူက ’’(၃)နှစ်ခွဲကြာ အတူအလုပ် တွဲလုပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းကို အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီကာလအတွင်း ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ၊ ဆုဖလား ဆွတ်ခူးနိုင်ခဲ့တာတွေကို ကျွန်တော် အမြဲတမ်း အမှတ်ရသွားမှာပါ။ အသင်းဖော်တွေ၊ အသင်းဝန်ထမ်းတွေနဲ့ အသင်း ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ချဲလ်ဆီးကနေထွက်ဖို့ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ တစ်ဖက်မှာ ပဲရစ်လိုမြို့ကြီးက အသင်းတစ်သင်းကို ပြောင်းကစားရမယ့် စိန်ခေါ်မှု အသစ်အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်’’လို့ ပြောပါတယ်။
No comments:
Post a Comment