ကိုယ်တိုင်ရေးသားထားသည့် ဇာတ်ညွှန်းဖြင့် ရိုက်ကူးမည့်ရုပ်ရှင်တွင် ခင်ပွန်းသည်ဘရက်ပစ်နှင့် တွဲဖက် သရုပ်ဆောင်မည်ဟု ဂျိုလီပြောကြား
ကမ္ဘာကျော်မင်းသမီးတစ်ဦးဖြစ်သည့်
အင်ဂျင်လီနာဂျိုလီကကိုယ်တိုင် ရေးသားသည့်ဇာတ်ညွှန်းဖြင့် ရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားတွင်
ခင်ပွန်းသည်တရက်ပစ်နှင့် တွဲဖက်သရုပ်ဆောင်မည် ဟုပြောကြား ခဲ့ကြောင်း နယူးယောက်နေ့စဉ်သတင်းဌာနက
ယနေ့ဖော်ပြသည်။
ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ၂၀၀၅ ခုနှစ်က ရုံတင်ခဲ့သော Mr
and Mts smit ဇာတ်ကားတွင် အတူတွဲဖက်သရုပ်ဆောင်ပြီး ဇနီးမောင်နှံဘ၀သို့ကူးပြောင်းခဲ့ပြီးနောက်တွင်
ရုပ်ရှင်ဇာတ်ကားများ၌ အတူတွဲဖက်သရုပ်ဆောင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် အင်ဂျလီနာဂျို၏
ဇာတ်ညွှန်းဖြင့်ရိုက်ကူးမည့် ရုပ်ရှင်မှာ ၄င်းတို့နှစ်ဦးကိုးနှစ်အတွင်း အတူတွဲသရုပ်ဆောင်သည့်ပထမဆုံးရုပ်ရှင်ဖြစ်လာမည်ဖြစ်သည်။
အင်ဂျလီနာဂျိုလီက
" သားသမီးတွေအတွက် အချိန်ပိုပေးချင်တာနဲ့ ဒါရိုက်တာဘ၀ကို ကူးပြောင်းချင်တာတွေကြောင့်
သရုပ်ဆောင်တဲ့အပိုင်းမှာ လစ်ဟင်းခဲ့တာတွေရှိပါတယ်။ ဒီဇာတ်ကား မှာတော့ ဘရက်ပစ်နဲ့ တွဲဖက်သရုပ်ဆောင်မယ့်ဇာတ်ကောင်နေရာဟာ
ကျွန်မနဲ့လိုက်ဖက်မယ် လို့ယုံကြည်တာကြောင့်သရုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တာပါ။ကျွန်မတို့နှစ်ယောက်အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်"
ဟုပြောသည်။

No comments:
Post a Comment