သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ သက်ကြီးပူဇော်ပွဲ တက်ရောက်လှူဒါန်း
သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် တို့သည် မေလ (၅) ရက်နေ့ ညနေပိုင်းက ရှုခင်းသာရပ်ကွက်လုံးဆိုင်ရာ သာသနာ့ပါလ နှစ် ကျိပ်ရှစ်ဆူ ဓမ္မာရုံမှ ကြီးမှူးကျင်းပသော သက်ကြီး ပူဇော်ပွဲသို့ တက်ရောက် ဂါရ၀ပြု လှူဒါန်းကြသည်။
ယင်းသက်ကြီးပူဇော်ပွဲသည် တတိယအကြိမ် ပူဇော်ပွဲဖြစ်ပြီး ရှုခင်းသာ ရပ်ကွက် အတွင်းရှိ အသက် (၇၅) နှစ်အထက် ဘိုးဘွား ၁၀၈ ဦးအား အလှူငွေ၊ အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးများကို လွှတ်တော်ကိုယ်စား လှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဓမ္မာရုံအကျိုးတော်ဆောင်များနှင့် ရပ်ကွက် သူ ရပ်ကွက်သားများက လှူဒါန်းပူဇော်ကန်တော့ကြသည်။
ထို့ပြင် အလှူရှင်များက အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများကို ကံစမ်း မဲဖောက်၍ အဘိုးအဘွားများအား ထပ်မံလှူဒါန်းကြရာ ဘိုးဘွားများက သြ၀ါဒပေး ဆုတောင်းမေတ္တာပို့သကြောင်း သိရသည်။

No comments:
Post a Comment