Wednesday, May 7, 2014


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်

 တော် ကိုယ်စား လှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ 

ဆောင်ရွက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သည် မေလ(၂) ရက်နေ့ ညနေ(၆) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းစိုး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်းဌေး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတမြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်နိုင်လင်း၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျက် ကျောင်းဆောင်သစ် ဆောက်လုပ်မည့် ဟင်္သာတမြို့၊ ညောင်ပင်ဈေး ရပ်ကွက်၊ အမက(၁၈) သို့ရောက်ရှိပြီး ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ ဆုံသည်။



ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး နှင့်အဖွဲ့သည် လေသာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ မန္ဓလသီရိအား ဖူးမြော်ကြည်ညို သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိုး၊ ရပ်မိရပ်ဖ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment

back to top