Tuesday, May 6, 2014

Terminator ဇာတ်ကားတွင်ပါဝင်လာမည့် သရုပ်ဆောင်သစ် မတ်စမစ်သ်





ဗြိတိန်သိပ္ပံရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Doctor Who မှသရုပ်ဆောင် မတ်စမစ်သ်က Terminator: Genesis ဇာတ်ကားတွင် အဓိကဇာတ်ကောင်သစ် တစ်ဦးအဖြစ်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
မတ်စမစ်သ်သည် ယင်းဇာတ်ကားတွင် ဂျွန်ကွန်နာအဖြစ် သရုပ်ဆောင်မည့် သြစတြေးလျသရုပ်ဆောင် မင်းသား ဂျေဆွန်ကလပ်နှင့်အပြိုင် သရုပ်ဆောင်ရမည်ဖြစ်ပြီး အခြားသောဝါရင့် သရုပ်ဆောင် များဖြစ်ကြသည့် မင်းသားကြီးအာနိုး၊ မင်းသမီး အမ်မီလီယာကလပ်နှင့် အာရှကြယ်ပွင့် လီဗြောင်ဟွန်းတို့ကလည်း လက်တွဲပါဝင်မည်ဖြစ်သည်။
အဆိုပါ Terminator: Genesis ဇာတ်ကားသစ်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင်ဖြန့်ချီပြသရန် စီစဉ်ထားကြောင်း ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်ပြန်ထားသည်။
Doctor Who ဇာတ်ကားဖြင့် အောင်မြင်မှုများစွာရရှိခဲ့သည် မတ်စမစ်သ်သည် ယင်းဇာတ်ကားဖြင့်ပင် သရုပ်ဆောင်ပိုင်းဆိုင်ရာဆုများစွာ ရရှိခဲ့ပြီး ယခု Terminator ဇာတ်ကားတွင်လည်း ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သည်။

No comments:

Post a Comment

back to top