Tuesday, May 6, 2014

ရုရှားအပေါ် စွမ်းအင်မှီခို နေရမှုကို လျှော့ချတော့မယ့် G7

အီးယူအဖွဲ့ဝင် နိုင်ငံတွေ အသုံးပြုနေတဲ့ သဘာဝဓာတ်ငွေ့(၃၀)ရာခိုင်နှုန်းကို ရုရှားနိုင်ငံက တင်ပို့နေတာဖြစ်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့အနောက်အုပ်စုတွေအကြား အခြေ အနေ တင်းမာလာပြီးနောက်  G7  အဖွဲ့ဝင်နိုင်ငံတွေဟာ စွမ်းအင်အရေးနဲ့ ပတ်သက်ပြီး အစည်း အဝေးတစ်ရပ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
 
G7  အဖွဲ့ဝင် နိုင်ငံတွေက စွမ်းအင်ဝန်ကြီးတွေဟာ စွမ်းအင်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် မှီခိုနေ ရမှုကို လျှော့ချနိုင်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပနေတယ်လို့ သိရပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေအတွက် ရုရှားနိုင်ငံက တင်သွင်းနေတဲ့ သဘာဝဓာတ်ငွေ့တွေထဲက (၆၀) ရာခိုင်နှုန်းကို လည်း ယူကရိန်းနိုင်ငံထဲက နေပိုင်လိုင်းတွေကတစ်ဆင့် တင်သွင်းနေရတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ နဲ့ အနောက်အုပ်စုတွေကြား ယူကရိန်းအရေးပေါ် သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက် လာတဲ့နောက်ွ၇ စွမ်းအင်ဝန်ကြီးတွေဟာ ရောမမြို့မှာ အခုလိုနှစ်ရက်တာ အစည်းအဝေး ကျင်းပဖို့ ဆုံဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ဒီအစည်းအဝေးမှာ  G7  ၀န်ကြီးတွေဟာ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက သဘာဝဓာတ်ငွေ့တွေ ပိုမိုတင်ပို့နိုင်ဖို့ နည်းလမ်းတွေ ဆွေးနွေးသွားဖို့ မျှော် လင့်ထားကြပြီး အရှေ့ဥရောပ နိုင်ငံတွေရဲ့ ကြွယ်ဝတဲ့ သဘာဝစွမ်းအင်ရင်းမြစ်တွေကနေ စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ဖို့လည်း အမေရိကန်ရဲ့ နည်းပညာ အကူအညီယူသွားဖို့ ဆုံးဖြတ်ကြလိမ့်မယ်လို့ သိရပါတယ်။ G7  နိုင်ငံတွေဟာ ဆွေးနွေးပွဲ ရလဒ်ကို အခြေခံပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ဖို့ စီစဉ်ထားကြပြီး  ၂၀၀၆ ခုနှစ်နဲ့  ၂၀၀၉ ခုနှစ်တွေ တုန်းကလည်း ရုရှား-ယူကရိန်းအရေးကြောင့် ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ဖူး တယ်လို့ သိရပါသည်။
 

 

No comments:

Post a Comment

back to top