Tuesday, May 6, 2014

တိုက်လေယာဉ် တင်ပို့ ရောင်းချမှု ကမ္ဘာ့ တတိယအဆင့်ရှိ နိုင်ငံအဖြစ် တရုတ်နိုင်ငံ ရပ်တည် 

တရုတ်နိုင်ငံသည် J-31 ကိုယ်ပျောက် တိုက်လေယာဉ် စမ်းသပ်မှု မပြီးပြတ်သေးသော် လည်း၂ဝ၁ဝ ပြည့်နှစ် မှ ၂ဝ၁၇ ခုနှစ် အထိ ဘက်စုံသုံး တိုက်လေယာဉ်များ တင်ပို့ ရောင်းချရေး ကန်ထရိုက်ရရှိမှု ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အမေရိကန်နှင့် ရုရှားနိုင်ငံတို့နောက် တတိယမြောက်နိုင် ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် စတုတ္ထနှင့် ပဉ္စမ မျိုးဆက် လေယာဉ်များ အပေါ် မှီခိုအားထားရခြင်း မရှိဘဲ စစ်သုံး လေယာဉ်များ အဓိက တင်ပို့ရောင်းချ သည့်နိုင်ငံ ဖြစ်လာ ခဲ့ကြောင်း သိရသည်။
တရုတ် နိုင်ငံသည် လွန်ခဲ့သော ၃၅ နှစ် ကာလမှ စတင်၍ ပြည်ပနိုင်ငံများသို့ လေယာဉ် ၁၇ဝဝ စင်း တင်ပို့ ရောင်းချ နိုင်ခဲ့သည်။ အဓိက အားဖြင့် တရုတ်နိုင်ငံသည် ပါကစ္စတန် နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၂ ဘီလီယံ တန်ဖိုးရှိ FC-1 Xiaolong (JF-17 Thunder) တိုက်လေယာဉ် အစင်း ၁ဝဝ ရောင်းချနိုင်ခဲ့ခြင်းကြောင့် ထိုသို့ ကမ္ဘာ့အဆင့် တတိယမြောက်နိုင်ငံ အဖြစ် ရပ်တည်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ သည်ပါကစ္စတန်သို့ အမေရိကန်ဒေါ်လာ ၈၇ဝ သန်း တန်ဖိုးရှိ အဆိုပါ တိုက်လေယာဉ် ၄၅ စင်းကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံ တန်ဖိုးရှိ တိုက်လေယာဉ် ၅၅ စင်းကို လာမည့် လေးနှစ်အတွင်း လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ တရုတ် နိုင်ငံသည် K-8 အမောင်း သင် လေယာဉ်များ ရောင်းချခဲ့ခြင်း အတွက်ကြောင့်လည်း ဝင်ငွေ အများအပြား ရရှိခဲ့ကြောင်းနှင့် အီဂျစ်နိုင်ငံသည် အဆိုပါ လေယာဉ် ၁၂ဝ စင်း ဝယ်ယူထားခြင်းကြောင့် ၎င်းလေယာဉ်အား အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့အပြင် တရုတ်နိုင်ငံသည် Yu-8 သယ်ယူပို့ဆောင်ရေး လေယာဉ် ၂၅ စင်းကိုလည်း တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top