Thursday, May 8, 2014


တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှု သေဆုံ့းသူ ၂၆၉ ဦးအထိရှိလာ
တောင်ကိုရီးယား ရေငုပ်သမားများက နစ်မြုပ်သွားသော ကူးတို့သင်္ဘောမှ ရုပ်အလောင်းများကို ဒီရေကျသွားချိန် ဆယ်ယူလျက်ရှိရာ သေဆုံးသူ အရေအတွက်မှာလည်း ၂၆၉ ဦးအထိ တိုးလာကြောင်း ဗုဒ္ဓဟူးနေ့က ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

၂၂ ရက်ကြာ ရေငုပ်ရှာဖွေခဲ့ပြီးနောက် ၂၆၉ ဦးအထိ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်။ အခြား ၃၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ဧပြီ ၁၆ ရက်က အဆိုပါ သင်္ဘောမှ လူပေါင်း ၁၇၄ ဦးအား ကယ်တင်ခဲ့ပြီး အသက်ရှင်သူ မတွေ့ရဟု သတင်းများက ဖော်ပြသည်။
၆၈၂၅ တန်ရှိ ဆေဝေါအမည်ရှိ အဆိုပါ သင်္ဘောသည် ဂျင်ဒိုကျွန်းကမ်းလွန်၌ နစ်မြုပ်ခဲ့သည်။ သင်္ဘောပေါ်လိုက်ပါသွားသည့် ခရီးသည် ၄၇၆ ဦး အနက် သုံးပုံနှစ်ပုံမှာ ဆိုးလ်မြို့တောင်ပိုင်း အင်ဆန်မြို့ရှိ ဒန်းဝန်းအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများဖြစ်ကြသည်။
ရေငုပ်သမားများက သင်္ဘောအိပ်ခန်းများ၊ ရေအိမ်နှင့် စားသောက်ဆိုင်ကဲ့သို့သော နေရာများတွင် တစ်ဖန် ၀င်ရောက်ရှာဖွေရန် စီစဉ်လျက်ရှိသည်။

 

No comments:

Post a Comment

back to top