ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြေငြာဘုတ်စိုက်ထူပွဲ
အခမ်းအနားသို့ တက်ရောက်
၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း လွှတ်တော်ရန်ပုံငွေ သိန်း (၁၀၀၀)ဖြင့် လွိုင်ကော်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုအား အများပြည်သူ ကြည့်ရှုနိုင်ရန် အတွက် ကြေငြာဘုတ်စိုက်ထူပွဲ အခမ်း အနားကို (၆-၅-၂၀၁၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှေ့တွင် ကျင်းပရာ လွိုင်ကော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးခင်မောင်ညို၊ လွိုင်ကော်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အရာရှိနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေး ရွာ အထောက်အကူပြုအဖွဲ့များ၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီ ၀င်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment