ပရဟိတလုပ်ငန်းတွေလုပ်တာပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ဘူးဆိုတဲ့ နန်းခင်ဇေယျာ
နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို
ပုံမှန်လုပ်ဖြစ်နေတဲ့ အနုပညာရှင် တစ်ဦးပါ။ ခုလို
ပရဟိတလုပ်ဖြစ်ပုံအကြောင်းတွေကို သူမကို မေးဖြစ်တဲ့အခါ ‘အနုပညာရှင်တွေ
ပရဟိတ လုပ်တာကို တချို့က အောင်မြင်ချင်လို့ထင်ကြတယ်။
အမှန်က အနုပညာရှင်တွေ ပရဟိတလုပ်ရင် ပြည်သူတွေက သိတယ်။ ပြည်သူတွေကလဲ ဥပမာ ရန်ကုန်မှာရှိတဲ့ မရမ်းချောင်းမှာဆို တီဗီရောဂါသည်တွေရှိတယ်။ အဲဒီမှာကိုယ်က သွားလိုက်တယ်။ သြော် ဒီနေရာမှာ ဒီလိုမျိုးလူတွေရှိပါလားဆိုတာ ပရိသတ်က သိသွားတယ်။ အဲဒီမှာပရိသတ်က သိသွားပြီးတော့ အဲဒီကို သွားလှူကြတယ်။ အနုပညာရှင်တွေပရဟိတလုပ်မှ ပိုသိကြတယ်။ တစ်ခါတလေ ပြည်သူတွေ သိတာမျိုးလဲ ရှိပါတယ်။ မသိတဲ့နေရာတွေလဲ ရှိတယ်ပေါ့နော်။ အဲဒီလိုအခါမျိုးကျရင် အနုပညာရှင်တွေ ပြောမှ ပရိသတ် သိတာမျိုးလဲ ရှိတယ်လေ။

ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပေါ်ပင်ဖြစ်ချင်လို့မဟုတ်ဘူး။ ပေါ်ပင်
လုပ်ချင်တဲ့သူတွေကတော့ တစ်လ နှစ်လထက် ပိုလုပ်နိုင်မှာ မဟုတ်ပါဘူး။
ညီမတို့ပရဟိတ လုပ်တယ်ဆိုတာ ပရဟိကို တကယ် လုပ်ချင်စိတ်ရှိလို့ လုပ်တာပါ။
ဒါပေမဲ့ လုပ်တဲ့ ချိန်မှာလဲ တကယ်ပေးဆပ်ပြီး လုပ်တာလား ။ မလုပ်တာလား ဆိုတာ
သိနိုင်ပါတယ်။ အခုလိုပရဟိတ လုပ်နေရတဲ့တွက်လဲ အရမ်းကို ကျေနပ်မိပါတယ်။
တချို့ဆို မိဘမဲ့လေးတွေရှိတယ်။ မိထွေးနဲ့နေရပြီးတော့ စိတ် မပျော်ရွှင်ရတဲ့
ကလေးတွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ အားပေးစကားက အလွန်ကို လိုအပ်ပါတယ်။
အဲဒီအခါကျရင် သူတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုတွေရလာအောင်
အားပေးစကားပြောရတဲ့ခါ ကိုယ်ကိုတိုင်လဲ ပျော်ရွှင်မိတယ်။ ဒါတွေက
ဘယ်အရာနဲ့မှလဲ မလဲနိုင်ဘူး။’လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:
Post a Comment