ပင်လယ်ပြင် အထူးသီးသန့် စီးပွားရေးဇုန် (EEZ)ဆိုင်ရာ သဘောတူ ညီချက် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား လက်မှတ်ရေးထိုး
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး
Albert del Rosario နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa
တို့သည် မေ ၂၃ ရက်တွင် မင်ဒါနာအို ပင်လယ်နှင့် Celebes ပင်လယ်အတွင်း ၄င်းတို့၏
ထပ်နေသော အထူးသီးသန့် စီးပွားရေးဇုန်(EEZ) အနားသတ် မျဉ်းရေးဆွဲ သတ်မှတ်ရေး
သဘောတူ ညီချက်အား လက်မှတ်ရေးထိုး ခဲ့သည်ဟု သိရသည်။
အဆိုပါ သဘောတူညီချက်အား
ဖိလစ်ပိုင်သမ္မတ ဘီနင်နို အက်စ်ကွီနိုနှင့် အလည် အပတ် ရောက်ရှိနေသည့်
အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘမ်း ယူဒိုရိုနိုတို့က အသိသက်သေအဖြစ် လက်မှတ်
ရေးထိုးခဲ့ကြောင်း၊ ၄င်းသည် နှစ်နိုင်ငံအကြား ထပ်နေသာ EEZ အနားသတ် မျဉ်းရေးဆွဲ
သတ်မှတ်ရေး နှစ် ၂ဝ ကြာ စေ့စပ်ဆွေးနွေးမှု၏ ရလဒ်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သဘော
တူညီချက် တွင် ပစိဖိတ်ပင်လယ် တောင်ဘက်ပိုင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်ပင်လယ်၊
ဖိလစ်ပိုင် တောင်ပိုင်းရ မင်ဒါနာအို ပင်လယ်နှင့် Celebes ပင်လယ်တွင်းရှိ
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ EEZ နယ်နိမိတ် တို့အား ပြသသည့် ပုံစံကားချပ်
ပါဝင်ကြောင်း သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ EEZ နယ်နိမိတ် သဘောတူညီ ချက်သည်
ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဆုံးသော ပင်လယ်ရေကြောင်းဆိုင်ရာ နယ်နိမိတ် သဘောတူ
စာချုပ်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment