Thursday, May 22, 2014

သတ္တုများ စုပ်ယူ စားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး ဖိလစ်ပိုင်တွင် ရှာဖွေတွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံ   လော့ဘာနော့စ်မြို့ရှိ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များသည် ဇမ်ဘယ်စ် ပြည် နယ် မြောက်ပိုင်းတွင် သတ္တုများစွာကို စုပ်ယူ စားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး ကို  ရှာဖွေတွေ့ရှိ ခဲ့ကြောင်း အေဘီအက်စ်-စီဘီအန် သတင်းဌာနမှ ဖော်ပြချက် အရ သိရသည်။


Rinorea Niccolifera ဟု  အမည် ပေးထားသော အဆိုပါ အပင်သည်  Hyperaccumulator အပင်မျိုးစိတ် ၄၅ဝ အနက်မှ တစ်မျိုးဖြစ်ပြီး ၎င်းအပင်မှ အရွက်များသည် နီကယ်တစ်သန်းရှိ အစိတ်အပိုင်း ၁၈ဝဝဝ ကို စုပ်ယူနိုင်ကြောင်း ၎င်းအပင်ကို လေ့လာသော အဖွဲ့မှ စာရေးဆရာနှင့် သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခ အက်ဝီနိုဖာနန်ဒိုက ပြောကြားခဲ့သည်။
အဆိုပါ ထူးခြားသော အပင်အကြောင်းကို Phytokeys ဂျာနယ်တွင် ဖော်ပြထားပြီး အွန်လိုင်းမှလည်း ဖတ်ရှုနိုင်သည်ဟု သိရသည်။
အသစ် ရှာဖွေ တွေ့ရှိထားသော အပင်မျိုးစိတ်သည် မသန့်ရှင်းသော မြေ သို့မဟုတ် သတ္တုမြေများကို ရှင်းလင်းရာတွင် အကူအညီ ဖြစ်စေမည်ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များကပြောကြားခဲ့သည်။

No comments:

Post a Comment

back to top