ပုဂ္ဂိုလ်စွဲ မရှိဘဲမျှတစွာ ဒိုင်လုပ်နေဟု ဆုန်သင်းပါရ်ဆို
ယင်းသို့ အမှတ်ပေးရာတွင်
အိမ်မက်ဆုံရာ မှချမှတ်ထားသည့် စည်းကမ်းချက် အမှတ်ပေးစည်းမျဉ်း နှင့် အညီ
အမှတ်များကို ပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်
အဆိုပြိုင်ပွဲ၊မော်ဒယ်ပြိုင်ပွဲများနှင့် တခြားသော ပြိုင်ပွဲများသည်လည်း
အများအပြား ထွက်ပေါ်နေသော်လည်း ပြိုင်ပွဲတချို့တွင် ဒိုင်များသည်
ပုဂ္ဂိုလ်စွဲပေးခြင်းများနှင့် ပြိုင်ပွဲဝင်တချို့၏ လာဘ်လာဘ
လက်သိပ်ထိုးခြင်း များကြောင့် မမျှတသည့် ပြိုင်ပွဲများ သည်လည်း ယနေ့ချိန်ထိ
ရှိနေဆဲပင်ဖြစ်သည်။ အများအားဖြင့် တွေ့ရှိ ရခြင်း သည် မော်ဒယ်ရှိုးပွဲများ
တွင်တွေ့ရများသည်ဟု ပြိုင်ပွဲ အများအပြားတွင် ဝင်ရောက် ယှဉ်ပြိုင်ကြ
သူများကပြောသည်။
နိုင်ငံတကာတွင် အဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာတွင် အဆိုနှင့် အက တွဲဖက်လုပ်ပြီး ပြိုင်ပွဲဝင်များ အနေဖြင့် ယှဉ်ပြိုင်ကြသည်က များပြီး အိမ်မက်ဆုံရာပြိုင်ပွဲ သည်လည်း ယင်းကဲ့သို့ ကျင်းပပြုလုပ် လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ တွင်ယင်းပြိုင်ပွဲသည် အကအလှအပများနှင့် ဇာတ်လမ်းပုံစံများကို ဆင်ပြီး အဆိုဝါသနာရှင်များ ယှဉ်ပြိုင်လာကြသော်လည်း ပရိသတ် အများစု၏ ဝေဖန်ခြင်းကို ခံရသည့်ပြိုင်ပွဲ ဖြစ်လို့နေသည်။
အိမ်မက်ဆုံရာပြိုင်ပွဲတွင် ဒိုင်လုပ်နေသည့် အဆိုတော်ဆုန်သင်းပါရ်က ပြိုင်ပွဲများတွင် ရှေ့အဆိုတော်များ၏ သီချင်းများကို သိဆို ကြသော်လည်း ပြိုင်ပွဲပြီးစီး သွားပါက ကိုယ်ပိုင်သီချင်း များ ရှိရန် ကြိုးစားသင့် သည်ဟု ပြောသည်။
ယင်း အဆိုပြိုင်ပွဲတွင် အဆိုတော်များ၏ သီချင်းများကို အများအပြား သီဆိုလျက်ရှိရာ ရှေ့အဆိုတော်များ၏ ခွင့်ပြုချက်ကို မတောင်းခဲ့ခြင်းကြောင့် မျိုးဆက်သစ် အဆိုရှင်များကို တရားစွဲ ဆိုသည်အထိ ရှိခဲ့ကြသည်။ အဆိုတော် ဆုန်သင်းပါရ်သည် စတုတ္တ အယ်ဘမ်ဖြစ်သည့်“အသစ်” စီးရီးကို အမ်တီဗီ ထွက်ရှိ ရန် ချောင်းသာ၌ ဒါရိုက်တာလူမင်းခေါင်နှင့် သီချင်း၆ပုဒ် ကို ရိုက်ကူး ပြီးပြီဖြစ်သည်။
ဆုန်သင်းပါရ်သည် ၂ဝဝဝခုနှစ်တွင် ဂီတလောကသို့ဝင်ရောက်ခဲ့ပြီး ကိုယ်အကြောင်းနဲ့ကိုယ်၊ ဆက်ရန်၊ မင်းကို ၊ စတုတ္တစီးရီးဖြစ်သည့် “ အသစ်”အယ်ဘမ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် Forever ထုတ်လုပ်ရေး မှ ထွက်ရှိ ခဲ့သူဖြစ်သည်။
အကြင်နာစစ်ရင် ၊ ကမ္ဘာကြီးကကျဉ်းတယ်ဆိုပေမယ့် နှင့် ချယ်ရီမြို့ စသည့် သီချင်းများသည် ဆုန်သင်းပါရ်၏ အအောင်မြင်ဆုံး သီချင်းများဖြစ်သည်။

No comments:
Post a Comment