အာကာသယာဉ် အပျက်အစီး အပိုင်းအစများကို တရုတ်နိုင်ငံတွင် ရှာဖွေ တွေ့ရှိ
တရုတ်နိုင်ငံ အတွင်းသို့
ပျက်ကျခဲ့သည့် အရာဝတ္ထု အပိုင်းအစများသည် အာကာသယာဉ် အစိတ် အပိုင်းများ
ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ရုရှားနိုင်ငံ အရှေ့ဘက်ဖျားစွန်း
နယ်စပ်ဒေသရှိ ဟေးလုံကျန်း ပြည်နယ် အရှေ့မြောက်ပိုင်း ချီချီဟာမြို့၌ မေ ၁၆ ရက်က
ကောင်းကင်မှ အရာဝတ္ထု အပိုင်းအစ အများအပြား ပြုတ်ကျလာသည်ဟု သတင်း ရရှိခဲ့ကြောင်း
ဆင်ဟွာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ အရာဝတ္ထုများသည် ဒုံးပျံယာဉ်
သို့မဟုတ် ဂြိုဟ်တု တစ်စင်းမှ ပြုတ်ကျလာသည့် အပိုင်းအစများ ဖြစ်သည်ဟု လေ့လာ
ဆန်းစစ်သူများနှင့် ကျွမ်းကျင် ပညာရှင်များက လေ့လာ သုံးသပ် ခဲ့ကြောင်း တရုတ်
အမျိုးသားအာကာသဆိုင်ရာ စီမံခန့်ခွဲမှု ဌာန၏ ပြောကြားချက်ကို ကိုးကား၍
ဆင်ဟွာသတင်းဌာနက မေ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ကြောင့် အာဏာပိုင်များသည် အဆိုပါ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ သတင်းပေးပို့လျက်
ရှိသည်ဟု သိရသည်။
ဆက်သွယ်ရေး ဂြိုဟ်တုတစ်စင်း
သယ်ဆောင်လာသော ဒုံးပျံယာဉ် တစ်စင်းကို ရုရှားနိုင်ငံ Baikonur အာကာသစခန်းမှ မေ ၁၆
ရက်က လွှတ်တင်ခဲ့ပြီး ၉ မိနစ်ကျော် အကြာတွင် အဆိုပါ ဒုံးပျံယာဉ်၏
ထိန်းချုပ်ရေး အင်ဂျင်သည် ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း
ရုရှား အာကာသ စခန်းမှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက်
အဆိုပါသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment