Monday, May 26, 2014

အာရှသူတစ်ဦးအနေဖြင့် X-Men ဇာတ်ကားတွင်ပါဝင်ခဲ့ရမှုကို ဂုဏ်ယူနေသည့် ဖန်ပင်းပင်း

မေ ၂၃ ရက်က အမေရီကတ်နိုင်ငံတွင် စတင်ဖြန့်ချီပြသခဲ့သည့် X-Men ဇာတ်ကားသစ် X-Men: Days of Future Past ဇာတ်ကားတွင် အာရှသရုပ်တောင်တစ်ဦးအနေဖြင့်ပါဝင်ခဲ့သည့် တရုတ်မင်းသမီး ဖန်းပင်းပင်း က ယင်းကဲ့သို့လူ ကြိုက်များသည့်ဟောလီဝုဒ်ဇာတ်ကားတွင် ပါဝင်ခွင့်ရရှိခြင်းသည် အာရှသူတစ်ဦး အနေဖြင့် စိန်ခေါ်မှုများစွာရှိပါကြောင်း ဖွင့်ဟခဲ့သည်။

အဆိုပါ X-Men ဇာတ်ကားသစ်တွင် သန္ဓေပြောင်းသတ္တ၀ါတစ်ဦး Blink အဖြစ်ပါဝင်သရုပ်ဆောင်ထားသည့် ဖန်ပင်းပင်းက "ဒီလိုဟောလီဝုဒ်နာမည်ကြီးဇာတ်ကားမှာ အာရှလူမျိုးတစ်ဦးအနေနဲ့အခက်အခဲတွေရှိပေမယ့် ဂုဏ်ယူပါတယ်။ အ၀တ်အစား၊ မိတ်ကပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေတင်မကဘဲ ဘာသာစကားဆိုင်ရာ အခက်အခဲတွေပါတွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ သြစတြေးလျက ရုပ်ရှင်ရုံတွေမှာ ကျွန်မပုံပါတဲ့ရုပ်ရှင် ပိုစတာတွေကိုမြင်ရတော့ အရမ်းပျော်ပါတယ်" ဟုပြောကြားခဲ့သည်။

ယခုအသစ်ထွက်ရှိလာခဲ့သည့် X-Men ဇာတ်ကားသစ်သည် ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့သည့်  X-Man: The Last Stand ဇာတ်ကားနှင့် ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့သည့် X-Men: First Class ဇာတ်ကား တို့၏ နောက်ဆက်တွဲဇာတ်ကားဖြစ်ကာ မင်းသားဟုဂျက်ခ်မန်းနှင့် မင်းသမီး ဂျနီဖာလောရင့်စ်တို့လည်း ပါဝင်သရုပ်ဆောင်ထားကြကြောင်းသိရသည်။

No comments:

Post a Comment

back to top