အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည့် ပုပ်ရဟန်းကြီး၏ ခရီးစဉ် စတင်
အရှေ့အလယ်ပိုင်းဒေသသို့
သွားရောက်မည့် ပုပ်ရဟန်းမင်းကြီး၏ ချစ်ကြည်ရေးခရီးစဉ်ကို ယနေ့ စတင်လိုက်ကြောင်း ဗာတီကန်နန်းတော်က
သတင်းထုတ်ပြန်လိုက်သည်ဟု ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ပုပ်ရဟန်းမင်းကြီးသည်
ဂျော်ဒန်နိုင်ငံ သမ္မာန်မြို့သို့ ဦးစွာသွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အစ္စရေးနိုင် ငံနှင့်
ပါလက်စတိုင်းဒေသသို့ ဆက်လက်ထွက်ခွာမည်ဟု ဗာတီကန်နန်းတော်မှ ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ ပုပ်ရဟန်းမင်းကြီးသည် အမ္မာန်မြို့တွင် ဆီးရီးယားဒုက္ခသည် များနှင့် တွေ့ဆုံပြီး
အားပေးမှုနှင့် အကူအညီပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ပုပ်ရဟန်း မင်းကြီးသည် ပြည်တွင်းစစ်ဖြစ်ပွားနေသော
ဆီးရီးယားနိုင်ငံအပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ဆက်လက်ကျင်းပရန် အလှမ်းဝေးကွာသွားသည့်
အစ္စရေး-ပါလက်စတိုင်းပြဿနာများနှင့်အတူ တင်းမာ မှုများ မြင့်တတ်လာသော အရှေ့အလယ်ပိုင်းဒေသတွင်
ငြိမ်းချမ်းမှု ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု
ဆိုသည်။ ပုပ်ရဟန်း မင်းကြီး ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက သုံးရက်ကြာမြင့်မည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း
ပုပ်ရဟန်းမင်းကြီး သည် ဒေသတွင်း တင်းမာမှုများ လျှော့ချရန် ကြိုးစားသွားမည်ဟု ပြောသည်။
No comments:
Post a Comment