နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပတော့မယ့် အီရန်နဲ့ အင်အားကြီးနိုင်ငံ(၆)နိုင်ငံ
အီရန်နိုင်ငံနဲ့
အင်အားကြီးနိုင်ငံ (၆)နိုင်ငံတို့ဟာ တဟီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံ၊
ဗီယမ်နာမြို့မှာ ပြုလုပ်သွားမယ့်အလှည့်ကျ
ဆွေးနွေးပွဲတစ်ခုကို ဇွန်လ(၆)ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံနဲ့
အင်အားကြီးနိုင်ငံ(၆)နိုင်ငံတို့ဟာ တဟီရန်နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံ၊
ဗီယမ်နာမြို့မှာ ပြုလုပ်သွားမယ့် အလှည့်ကျ ဆွေးနွေးပွဲတစ်ခုကို ဇွန်လ(၆)ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး
နောက်ဆုံးအဆင့် နောက်ဆုံးသဘောတူညီချက် ဆွေးနွေးပွဲကို ဇူလိုင်လ(၂၀)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့
အီရန်နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးချုပ်ဖြစ်သူ အာရက်ချီရဲ့ စနေနေ့မှာ IRNA သတင်းကို ပြောကြားချက်အရ
သိရပါတယ်။ အီရန်နဲ့ ဂျာမနီနိုင်ငံ အပါအ၀င် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၅)နိုင်ငံ
ကိုယ်စားလှယ် တွေဟာ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ (၄)ရက်ကြာ ဆွေးနွေးပွဲတစ်ခုမှာ နောက်ဆုံး
သဘောတူညီချက်ရဲ့ လုပ်ငန်းစဉ်မူကြမ်းကို စတင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ
လက်ရှိအသုံးပြုနေတဲ့ ကြွယ်ဝယူရေနီယမ် (နှစ်သောင်း)အပြင် နောက်ထပ် ထပ်တိုးအသုံးပြုဖို့
တောင်းဆိုခဲ့ပေမယ့် လက်ရှိအသုံးပြုနေတဲ့ ယူရေနီယမ်ထက် လျှော့ချပေး ဖို့ နိုင်ငံခြောက်နိုင်ငံက
တောင်းဆိုခဲ့ပေမယ့် လက်ရှိအသုံးပြုနေတဲ့ ယူရေနီယမ်ထက် လျှော့ချပေး ဖို့ နိုင်ငံခြောက်နိုင်ငံက
တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေဟာ အီရန်နဲ့ ဒုံးကျည်ထုတ်လုပ်မှု
တိုးတက်လာတာဟာ အစ္စရေးကို ပစ်မှတ်ထားနေသလို (၆)နိုင်ငံက တာဝန်ရှိ သူတွေ ပြောကြားထား ပေမယ့်
အီရန်နိုင်ငံကတော့ နိုင်ငံကို ကာကွယ်ဖို့အတွက် လုပ်ဆောင်နေ တာဖြစ်ပြီး နျူကလီးယား အစီအစဉ်နဲ့
ပတ်သက်မှု မရှိဘူးလို့ ပြောကြားထားပါတယ်။
No comments:
Post a Comment