Thursday, May 22, 2014

အနောက်ပိုင်း ကွန်ဖရင့် ဗိုလ်လုပွဲမှာ စပါးအသင်း အနိုင်ရ






 NBA ဘတ်စကက်ဘောပြိုင်ပွဲ အနောက်ပိုင်း ကွန်ဖရင့် ဗိုလ်လုပွဲရဲ့ ပွဲစဉ်(၁)ကို အမေရိကန် ပြည်ထောင်စု တက်ဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ တနင်္လာနေ့က ကျင်းပပါတယ်။ အဲဒီပွဲမှာ အိမ်ရှင်ဆန်အန်တိုနီယိုစပါး အသင်းက အိုကလာဟိုးမားစီးတီးသန်းဒါး အသင်းကို (၁၁၂)မှတ်(၁၀၅)မှတ်နဲ့ အနိုင်ရသွားပါတယ်။ ဒါကြောင့် Best of 7 ကစားရမယ့် သူတို့ဗိုလ်လုပွဲမှာ စပါးအသင်းက အနိုင်(၁)ပွဲနဲ့ ဦးဆောင်နေပါတယ်။ စပါးအသင်းအတွက် ရှေ့တန်းလူ တင်ဒန်ကင်က (၂၇)မှတ်နဲ့ အမှတ်အများဆုံး ရယူပေးခဲ့ပါတယ်။ သန်းဒါးအသင်း အတွက်ကိုတော့ ကီဗင်ဒူရင့်က (၂၈)မှတ်၊ ရပ်ဆယ်ဝက်ဘရုက (၂၅)မှတ်နဲ့ အများဆုံး ရယူပေးခဲ့ပါတယ်။

No comments:

Post a Comment

back to top