ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၏ ဒိုင်လူကြီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် မင်းသမီးချော ဂေါင်လီ ဆောင်ရွက်မည်
တရုတ်နိုင်ငံမှ နာမည်ကြီး မင်းသမီးချော ဂေါင်လီသည် (၁၇) ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ
ရုပ်ရှင်ပွဲတော် (SIFF) ၏ ဒိုင်လူကြီး အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်
ခန့်အပ်ခံရကြောင်း အဆိုပါ ပွဲတော် ဖြစ်မြောက် ရေးကော်မရှင်က မေ ၅ ရက်တွင်
ကြေညာခဲ့သည်။
ရွှေကမ္ဘာလုံး ဆုပေးပွဲတွင်လည်း
ဒိုင်လူကြီးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ရှန်ဟိုင်း
ရုပ်ရှင်ပွဲ တော်တွင် နိုင်ငံတကာ ရုပ်ရှင်အသိုင်း အဝိုင်းမှ ဂုဏ်သရေရှိ
လူကြီးမင်းများနှင့် အတူ ဒိုင်အဖြစ် ဆောင်ရွက်ရမည့် အတွက် များစွာ
ဂုဏ်ယူမိကြောင်း ဂေါင်လီက ပြောကြားခဲ့သည်။
ထို့အပြင် ပရိသတ်၏ အသည်းနှလုံး အထိ
ထိုးဖောက်နိုင်စွမ်း ရှိသော ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်
သရုပ်ဆောင်များကို ရွေးချယ်သည့် ဒိုင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွား မည်
ဖြစ်ကြောင်း ဂေါင်လီ က ထပ်လောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်း ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီး ဒိုင်လူကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းမှာ ယခုနှစ်တွင် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

No comments:
Post a Comment