အီရန်နျူကလီးယား အရေး အပြီးသတ် သဘောတူညီမှုရရန် အင်အား ကြီးခြောက်နိုင်ငံနှင့်ဆွေးနွေး
အီရန်နိုင်ငံ၏
အနာဂတ် အဏုမြူထုတ်လုပ်နိုင် စွမ်းနှင့် ပတ်သက်၍ နက်ရှိုင်းသောသဘောထား
ကွဲလွဲမှုများကို ကျော်ဖြတ်ရန် မိမိတို့ အပြင်းအထန် ကြိုးပမ်းနေရဆဲဖြစ်သည်ဟု အ
နောက်တိုင်း သံတမန်တစ်ဦးက ပြောကြားထားစဉ် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်
ပတ် သက်၍ အီရန်နှင့် ကမ္ဘာ့အင်အား ကြီး ခြောက်နိုင်ငံကြား ပိုမိုအသုံး ဝင်သော
ဆွေးနွေးပွဲများ ကျင်းပ ခဲ့ကြောင်း အီးယူ က မေလ ၇ ရက်တွင် ကြေညာသည်။
အီရန်နျူအစီအစဉ်နှင့်
ပတ် သက်၍ ဆယ်စုနှစ်တစ်ခုကြာ အ ငြင်းပွားမှုကို အဆုံးသတ်စေမည့်
အပြီးသတ် သဘောတူညီမှုရရှိ ရေး အီရန်နိုင်ငံနှင့် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊
ဗြိတိန်၊ တရုတ် နှင့် ရုရှားနိုင်ငံတို့မှ ကျွမ်းကျင်သူ များ ဆွေးနွေးပွဲကို
နယူးယောက် မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး နောက် အီးယူက ယင်းသို့ ကြေ
ညာလိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့အင်အားကြီးခြောက်
နိုင်ငံနှင့် အီရန်နိုင်ငံမှ နည်းပညာ ကျွမ်းကျင်သူများ နယူးယောက် မြို့တွင် မေလ ၆
ရက်မှ ၇ ရက် အတွင်း အသုံးဝင်သော ဆွေးနွေး ပွဲများ ကျင်းပခဲ့သည်ဟု အီးယူ
ပြောရေး ဆိုခွင့်ရှိသူက ပြော သည်။
လာမည့်သီတင်းပတ်တွင်
သြစတြီးယားနိုင်ငံ မြို့တော်၌ ကျင်းပမည့် ဆွေးနွေးပွဲများ၏ မိတ်ဆက်
ဆွေးနွေး ပွဲများဖြစ် သည့် နယူးယောက်မြို့ ဆွေးနွေး ပွဲနှင့် ပတ်သက်၍ အလားတူ
ကြေညာချက်မျိုးတစ်ရပ်ကို အီရန်သတင်းဌာနမှတစ်ဆင့် အချိန်တိုအတွင်း
ထုတ်ပြန်သွားမည်ဖြစ် ကြောင်း အီရန်နိုင်ငံရှိ ကုလ သမဂ္ဂလုပ်ငန်းစဉ်၏
ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
အီရန်သည်
နျူလက်နက်များ ထုတ်လုပ်နိုင်ရန် ကြိုးစားကောင်း ကြိုးစားနေသည်ဟု
အနောက်နိုင်ငံများက သံသယရှိ နေသည်။
မိမိတို့၏
နျူအစီအစဉ်မှာ ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး လျှပ် စစ်ဓာတ်အားပေးရေးနှင့် ဆေး ဘက်ဆိုင်ရာ
သုတေသနလုပ်ငန်း များအတွက် ရည်ရွယ်သည်ဟု အီရန်အစိုးရက ပြောသည်။
သဘောတူညီမှုရရှိရေးအ တွက် ပိုမိုခက်ခဲသောကိစ္စများမှာ
ယူရေနီယမ်သန့်စင်မှုများနှင့် ယူ ရေနီယမ် သန့်စင်စက်များ သုတေ သနနှင့်
ဖွံ့ဖြိုးတိုးတက်ရေးလုပ် ခြင်းကိစ္စတို့ဖြစ်သည်ဟု အ နောက်တိုင်း သံတမန်တစ်ဦးက
ရိုက်တာသတင်းဌာနအား ပြော ကြားသည်။
No comments:
Post a Comment